photo credit - OGA Dota PIT twitter

OGA Dota PIT Season 2 ကတော့ Europe & CIS regions မှာလည်း သိပ်မကြာခင်မှာကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။

ဒီတခေါက် season 2 မှာဆိုရင်လည်း direct invite ရရှိတဲ့ စုစုပေါင်း dota 2 teams 8 သင်းဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး season 1 တုန်းက champion ဖြစ်ထားတဲ့ Team Secret ကတော့ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

diret invite ရရှိထားတဲ့ Dota 2 team 8 သင်းကတော့

Virtus.pro

Natus Vincere

Alliance

Ninjas in Pyjamas

OG

Vikin.gg

Team Nigma

FlyToMoon

တို့ပဲဖြစ်ပါတယ်။

ပေးအပ်သွားမယ့် total prize pool ကတော့ အရင် season 1 ကထက် $20,000 ပိုများလာခဲ့ပြီး ယခု season မှာတော့ $170,000 USD ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ OGA Dota PIT season 1 အပါအဝင် tournaments ခြောက်ခု ဆက်တိုက်မှာ Champion ဖြစ်ထားတဲ့ Team Secret မပါဝင်လာဘူးဆိုတော့ ဘယ်အသင်းက Champion ဆုရယူနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

source - OGA Dota PIT twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။