ပရိသတ်ကြီးရေ စကားပြောဆိုရာမှာ ဟန်ဆောင်မှုမရှိ ပွင့်လင်းစွာပြောတက်ပြီး စိတ်သဘောထားကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ပဲဖြစ်ပါတယ်။ သူမက ဇာတ်လမ်းတွဲတွေကို စတင်ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပီပြင်ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေ အကြိုက်တွေ့နေတာလည်းဖြစ်ပါတယ်.......။
သံသာမိုးသိမ့်က ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုကို ရိုက်ကူးနေပြီး ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်......။
သူမ အားလပ်တဲ့အချိန်လေးတွေမှာလည်း ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အမိုက်စားပုံလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်။ ယခုမှာလည်း အခန်းရဲ့ ထောင့်လေးထဲမှာမှီပြီး သတင်းစားဖတ်ကာ ပိုစ့်ပေးနေတဲ့ အလန်းစားပုံရိပ်လေးတွေကိုလည်း တင်ပေးလါတာပဲ ဖြစ်ပါတယ်။ သံသာမိုးသိမ့်ရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။
Source & Photo credit - Than Thar Moe Theint's FB page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။