ပရိသတ်ကြီးရေ.. အဆိုတော်ဝိုင်းလေးလို့ ဆိုလိုက်တာနဲ့ သီချင်းကောင်းလေးတွေကို အသံချိုချိုအေးအေးလေးနဲ့ သီဆိုတတ်ပြီး ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင် အဆိုတော်မလေးကို အားလုံးပဲ မြင်ယောင်မိမှာပါနော်..။

သီချင်းကောင်းလေးတွေဖန်တီးပြီး ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်မလေးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အပြံုံးလှလှလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါ..။


Photo Credit - Wyne Lay's Fb Page
Photo Credit - Wyne Lay's Fb Page

ပရိသတ်အချစ်တော် ဝိုင်းလေးကတော့ မြန်မာ၊ အင်္ဂလိပ်၊ ပြင်သစ် နဲ့ ကိုရီးယားဘာသာစကားတွေကို တတ်မြောက်ထားပြီး ကိုရီးယားဘာသာနဲ့ သီချင်းလေးတွေလည်း ထွက်ရှိထားသလို နောက်ထပ် တစ်ပုဒ်ထွက်ရှိမယ့်အကြောင်းလေးကိုလည်း ပြောပြလာပါတယ်..။

ကိုဗစ်ကာလတွေမှာလည်း စိတ်မလေဘဲ အကျိုးရှိအောင် ဘာသာစကားတွေ လေ့လာသင်ယူဖြစ်ပြီး လေ့လာရင်းနဲ့လည်း သီချင်းလေေးတွတွဲဆိုဖြစ်တဲ့အကြောင်းလေးကိုလည်း ဝိုင်းလေးက ပြောပြထားပါသေးတယ်နော်..။


Photo Credit - Wyne Lay's Fb Page
Photo Credit - Wyne Lay's Fb Page

“လက်ရှိမှာတော့ ပြီးခဲ့တဲ့ (၂၀၁၉)ကတည်းက ကိုရီးယားကိုသွားပြီးတော့ အာဆီယံနဲ့ ကိုရီးယားပေါင်းပြီးတော့ ချစ်ကြည်ရေးပွဲ လုပ်ခဲ့တယ် အဲ့ပွဲကနေစပြီးတော့ သီချင်းတစ်ပုဒ်ကို (၁၁)နိုင်ငံပေါင်းပြီးတော့ ဆိုခွင့်ရခဲ့တယ် အဲ့ကနေ အချိတ်အဆက်တွေ အများကြီးရခဲ့တယ် ဘာသာစကားအခက်အခဲရှိတော့ ကိုယ်တိုင်ပဲ သင်လိုက်မယ်ဆိုပြီး သင်လိုက်တာ..” ဆိုပြီးတော့လည်း အတွေ့အကြုံနဲ့ ရရှိခဲ့တဲ့ အခွင့်အလမ်းလေးတွေကိုလည်း ပြောပြထားပါတယ်နော်..။

ဘာသာစကားလေ့လာရင်း သီချင်းလေးတွေ တွဲဆိုဖြစ်သလို ကိုရီးယားဘာသာနဲ့လည်း သီချင်းလေး ထွက်ဦးမယ့်အကြောင်းလေးကိုလည်း ပြောပြထားတဲ့ ဝိုင်းလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Wyne Lay's Fb Page
Photo Credit - Wyne Lay's Fb Page

Photo Credit - Wyne Lay's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။