ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိသိမ်းပိုက်ထားပြီး အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချောလေး နေရည်ဝင်းလဲ့ကလည်း အပါအဝင်ပါပဲ..။

အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေရဲ့ရင်ထဲ နေရာယူထားတဲ့ နေရည်ဝင်းလဲ့ကတော့ ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပပြီး ချစ်စရာကောင်းကာ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်အပြုံးလှလှလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးပဲ ဖြစ်ပါတယ်..။


Photo Credit - Nay Yee Win Lai's Fb Account
Photo Credit - Nay Yee Win Lai's Fb Account

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေကာ သူမရဲ့ကာရိုက်တာလေးတွေအကြောင်း ပြောပြရင်း ကိုဗစ်ကာလမှာ အိမ်မှာနေရင်း အကျိုးရှိအောင် လေ့လာသင်ယူပြီး ကြိုးစားဖြစ်တာလေးတွေလည်း ပြောပြလာပါတယ်နော်..။

ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးတွေထဲက သူမရဲ့ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားပြီး မြင်နေကျပုံစံမျိုးမဟုတ်ဘဲ ခပ်မာမာခပ်ဆတ်ဆတ် မာနကြီးတဲ့ ကောင်မလေးအဖြစ်မြင်ရမယ့် အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။


Photo Credit - Nay Yee Win Lai's Fb Account
Photo Credit - Nay Yee Win Lai's Fb Account

“ဟာသဇာတ်ရုပ်ကို သရုပ်ဆောင်ရတဲ့အခါ အရမ်းကြီးဟာသလုပ်ရတာမျိုးတော့ မဟုတ်ဘူးပေါ့နော် အငြိမ်ဘက်သွားတယ် ဒါပေမယ့် အငြိမ်နဲ့ဟာသလေးတွေ လုပ်နေရတယ်ဆိုတော့ စိတ်လှုပ်ရှားဖို့လည်း ကောင်းတယ် တစ်ခါမှ မရိုက်ဖူးသေးဘူးဆိုတော့လည်း အခက်အခဲတွေအများကြီးရှိတယ် ရိုက်ရတာ အများကြီးလည်း ကြိုးစားထားတယ် ကိုယ်လုပ်နေကျအလုပ်မဟုတ်တဲ့အခါကျတော့ ကိုယ့်ဘက်က ပိုပြီးောတ့လည်း စိနှစ်ရတယ် ပိုပြီးတော့လည်း ကြိုးစားရပါတယ် ..” ဆိုပြီးတော့ ပြောပြထားတာပါနော်..။

ဇာတ်လမ်းတွဲအသစ်တွေကတော့ ဒီနှစ်မဟုတ်ရင်တောင် နောက်နှစ်အစပိုင်းလောက်မှာ လာမယ့်အကြောင်းလေးကိုလည်း ပြောပြထားသေးတဲ့ နေရည်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nay Yee Win Lai's Fb Account
Photo Credit - Nay Yee Win Lai's Fb Account

Photo Credit  - Nay Yee Win Lai's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။