မင်းသမီးချောလေး သံစဉ်မောင်ကတော့ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်အချိုးအစားလေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးပါ။ သံစဉ်မောင်ဟာ ဘေဘီမောင်ရဲ့တစ်ဦးတည်းသောညီမလေးလည်းဖြစ်ပြီး ညီအစ်မနှစ်ယောက်လုံးအနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒါ့ပြင်ဘေဘီမောင်ဟာ ညီမလေးအပေါ်ကိုလည်း အကြီးပီသတဲ့အစ်မတစ်ယောက်လည်းဖြစ်ပြီး ညီအစ်မနှစ်ယောက်လုံး ချစ်ချစ်ခင်ခင်နဲ့ကြည်နူးစရာလေးပါ။
သံစဉ်မောင်ဟာ လူမှုရေးကိစ္စတစ်ချို့ကြောင့်ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် အေးဆေးစွာရပ်တည်ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ သံစဉ်မောင်ဟာသူမရဲ့အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာလည်းဖြစ်ပြီး ပရိတ်သတ်တွေကလည်း အမဖြစ်သူဘေဘီကိုရော ညီမလေးကိုပါချစ်ခင်အားပေးနေကြတာပါနော်။
သံစဉ်မောင်ဟာလတ်တလောတွင် အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပြီး ကြော်ငြာတွေ၊photo shootingတွေလည်းရိုက်ကူးနေတာပါ။ ခန္ဓာကိုယ်နဲ့ပက်သက်ပြီးလည်း ဂရုစိုက်တတ်တဲ့သူလေးဖြစ်တဲ့ သံစဉ်မောင်ဟာ သူမရဲ့ Facebook my dayလေးမှာ gymမသွားချင်လို့ အိပ်ယာထဲမှာလူးလိမ့်နေတဲ့ဗီဒီယိုလေးကို တင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Than Sin Maung's Facebook acc
Photo credit-Than Sin Maung's Facebook acc
Video Credit-Than Sin Maung's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။