photo credit - CLG Red twitter

North America region က female cs:go team တစ်ခုဖြစ်တဲ့ Counter Logic Gaming Red ကတော့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

CLG Red ကြေညာခဲ့တာကတော့ သူတို့အနေနဲ့ juli ကိုအသင်းရဲ့ လိုအပ်နေတဲ့ roster ကိုအားဖြည့်ဖို့အတွက် ခေါ်ယူခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။

CLG Red အနေနဲ့လည်း ပြီးခဲ့တဲ့June ထဲမှာ အသင်းကနေထွက်ခွာပြီး cs:go pro player ဘဝကနေပါ အနားယူသွားတဲ့ bENITA ရဲ့နေရာမှာ အစားထိုးဖို့အတွက် juli ကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် CLG Red ရဲ့ လက်ရှိ roster အပြည့်အစုံကတော့

di^

refinnej

Emy

GooseBreeder

Juli

တို့ပဲဖြစ်ပါတယ်။

CLG Red အနေနဲ့လည်း ဒီ roster နဲ့ လာမယ့် 24 ရက်နေ့ကနေ စတင်ကျင်းပမယ့် DreamHack Showdown Summer 2020: North America ကို ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။

Source - CLG Red twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။