ပရိတ်သတ်ကြီးရေ....မင်းသားချောလေးပိုင်တံခွန်ကတော့ ပြည်တွင်းရောပြည်ပမှာပါ အောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပြီး ပြည်ပကပရိတ်သတ်တွေကပါသည်းသည်းလှုပ် အားပေး၀န်းရံခံရတဲ့ မင်းသားချောလေးတစ်ယောက်ပါ။ သူဟာ တောင့်တင်းကျစ်လျစ်တဲ့ဘော်ဒီအမိုက်စားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး တက်တူးတွေဟာဆိုရင်လည်း အရမ်းကိုအထာကျတာပဲဖြစ်ပါတယ်။

Photo credit-Paing Takhon's Facebook acc

ပိုင်တံခွန်ဟာဆံပင်အရှည်လေးနဲ့လည်း အရမ်းကိုလိုက်ဖက်မှုရှိပြီး နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်၀န်းရံခဲ့တဲ့သူလေးဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ တိချစ်သူတစ်ယောက်လည်းဖြစ်တာကြောင့် သူ့ရဲ့အိမ်မှာဆိုရင်လည်း ခွေးလေးတွေ ကြောင်လေးတွေ ငှက်လေးတွေအပြင် လိပ်လေးတွေကိုရောပါမွေးထားတာပါနော်။ ပိုင်တံခွန်ဟာအစ်မဖြစ်သူနဲ့လည်း ပျော်ပျော်နေတတ်တဲ့သူဖြစ်ပြီး သူချစ်ရတဲ့ တိလေးတွေနဲ့ အချိန်ကုန်နေလေ့ရှိပါတယ်။

Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc

အခုအခါမှာလည်း ပိုင်တံခွန်ဟာ သူ့ရဲ့အချစ်တော်လေးတွေဖြစ်တဲ့ ခွေးလေးတွေ၊ကြောင်လေးတွေ၊လိပ်လေးတွေနဲ့ဆော့နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပြန်တယ်။ ဗီဒီယိုလေးကိုကြည့်ပြီး ပရိတ်သတ်ကြီးလည်းအပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc

Source-Paing Takhon's Facebook acc

Photo credit-Paing Takhon's Facebook acc

Video Credit-Paing Takhon's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။