မိဘနှစ်ပါးလုံးရဲ့ အနုပညာအမွေကို ဆက်ခံရရှိထားသူကတော့ ဒါရိုက်တာ မင်းသန့်မောင်မောင်ပဲ ဖြစ်ပါတယ်။ သူဟာ ပြည်ပနိုင်ငံမှာ ပညာတော်သင်သွားသင်ခဲ့သူတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကဘဲ မြန်မာနိုင်ငံကို ပြန်လာကာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ မိဘနှစ်ပါးလုံးကလည်း သားလေးကို အရိပ်တကြည့်ကြည့်နဲ့ လိုလေသေးမရှိအောင် ပြုစုဂရုစောင့်ရှောက်မှုတွေကြောင့်လည်း မင်းသန့်တစ်ယောက် သိတတ်လိမ္မာတဲ့ သားလိမ္မာလေး တစ်ယောက် ဖြစ်နေတာပါ။

Photo Crd- Min Thant Mg Mg’s Facebook Account
Photo Crd- Min Thant Mg Mg’s Facebook Account
Photo Crd- Min Thant Mg Mg’s Facebook Account

မကြာသေးခင်ကလည်း မိခင်ဖြစ်သူ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တာကြောင့် မင်းသန့်တစ်ယောက် အရမ်းကို ပျော်ရွှင်နေတာပါ။ မွေးနေ့မှာ မိခင်ဖြစ်သူနဲ့ ပြန်လည်ဆုံဆည်းခွင့် ရရှိခဲ့တာကြောင့်လည်း ပရိသတ်တွေကလည်း သူတို့မိသားစုနဲ့ ထပ်တူ ပျော်ရွှင်ကြည်နူးနေကြတာလည်း ဖြစ်ပါတယ်။ ဒီလအကုန်မှာလည်း မိခင် ဖြစ်သူနဲ့အတူ သာသနာ့ဘောင်ကို ခေတ္တဝင်ရောက်မှာလည်း ဖြစ်ပါတယ်။ 

Photo Crd- Min Thant Mg Mg’s Facebook Account
Photo Crd- Min Thant Mg Mg’s Facebook Account
Photo Crd- Min Thant Mg Mg’s Facebook Account

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းသန့်မောင်မောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေး တစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်မေမေနဲ့အတူ ကျန်းမာရေးအတွက် Gym အတူတူဆော့ကစားနေတဲ့ မင်းသန့်မောင်မောင်ရဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ မေသန်းနုဟာလည်း သားလေးနဲ့အတူ ပထမဆုံးအကြိမ် Gym ကစားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မေသန်းနုတို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Min Thant Mg Mg’s Facebook Account 

Photo Crd- Min Thant Mg Mg’s Facebook Account
Photo Crd- Min Thant Mg Mg’s Facebook Account
Photo Crd- Min Thant Mg Mg’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။