ရွှေရွှေစုံတွဲလေးကတော့ လက်ရှိမှာဆိုရင် ဇနီးမောင်နှံနှစ်ယောက်လုံး အနုပညာအလုပ်တွေ တက်ညီလက်ညီလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ရွှေမှုံလေးက ချစ်ခင်ပွန်းရဲ့ အနုပညာအလုပ်တွေကို ကူညီပေးပြီး ရွှေထူးကလည်း ချစ်ဇနီးလေးရဲ့ရှုတင်နောက်ကို အမြဲလိုလိုလိုက်သွားကာ ချစ်ဇနီးလေးကို ဘေးကနေတစိမ့်စိမ့်ထိုင်ကြည့်နေတတ်တာဖြစ်ပါတယ်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး မခွဲနိုင်ကြလို့ ချစ်သူသက်တမ်းအနည်းငယ်ပဲရှိသေးတာတောင် သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။ရွှေမှုံတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ အရမ်းလည်းရိုတတ်ကြလို့ ပရိသတ်တွေကတော့အားကျရပြီး သူမတို့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲအားပေးနေရတာဖြစ်ပါတယ်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

ရွှေထူးကလည်း ခင်ပွန်းကောင်းတစ်ယောက်ပီသပြီး ချစ်ဇနီးလေးရဲ့ဆိုးနွဲ့မှုပုံစံလေးတွေကို ချစ်မဝဖြစ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ရှုတင်မှာ ရွှေထူးက ချစ်ဇနီးလေးအလှပြင်နေတာကို တစိမ့်စိမ့်နဲ့ထိုင်ကြည့်နေပြီး"လင်မယားဖြစ်နေလည်း... Shooting မှာ သူ့ကိုပြန်ပြီး ခိုးကြည့်ရတဲ့ ခံစားချက်"ဆိုပြီး ဓာတ်ပုံလေးခိုးရိုက်ထားတာဖြစ်ပါတယ်နော်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

Source&Photo Credit:Htoo Khant's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။