နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်ကျော်ကြားမှုတွေကို ပိုင်ဆိုင်လာတဲ့ ဖြူဖြူထွေးကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို တစ်ခဲနက်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဖြူဖြူထွေးက ကြော်ငြာတွေအများအပြားကိုလည်း ရိုက်ကူးရပြီး အနုပညာကြေးတွေကိုလည်း စုဆောင်းတာကြောင့် သူမရဲ့မိဘတွေကိုလည်း တင့်တင့်တယ်တယ်ထားနိုင်ပါတယ်နော်။ဖြူဖြူထွေးရဲ့ မိဘတွေကတော့ သမီးကောင်းလေးကို ရထားလို့ ပီတိဖြစ်ပြီး ကြည်နူးနေရတာ ဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook Account/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးကို အနုပညာရှင်အသိုင်းအဝန်းကလည်း ကြိုဆိုကြပြီး သူမရဲ့အနုပညာအရည်အသွေးတွေကို အားပေးကြပါတယ်နော်။ဖြူဖြူထွေးက စိတ်ကောင်းစေတနာလည်းအပြည့်ရှိပြီး လူလူချင်းကူညီတတ်လို့ အလှူအတန်းဆိုလည်း တတ်နိုင်သလောက်ကို ပေးကမ်းလှူဒါန်းနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေနည်းပါးနေတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကိုလည်း ကြော်ငြာအတူတူခေါ်ရိုက်ပြီး အလုပ်ပေးတာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

အခုဆိုရင်လည်း ဖြူဖြူထွေးက ရဲလေးမ၊နေကျော်နဲ့ ဥသြ တို့ကို ခေါ်ပြီး ကြော်ငြာအတူတူရိုက်ကြတာဖြစ်ပါတယ်။ကြော်ငြာရိုက်ပြီးသွားတဲ့အချိန်မှာလည်း ဖွယ်ဖွယ်ရာရာဟင်းလျာတွေနဲ့ တည်ခင်းဧည့်ခံပြီး ဆန်၊ဆီ၊ဆေး၊မုန့်၊ငွေကြေးတို့နဲ့လည်း တတ်နိုင်သလောက်လေးကန်တော့လိုက်သေးတာဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့ စိတ်ဓာတ်လေးကအရမ်းလေးစရာကောင်းပြီး ပီတိဖြစ်ရလို့ သူ့တို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

Source&Photo Credit:Phyu Phyu Htwe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။