ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို မိသားစုကိုလည်း အချိန်ပေးပြီး ဂရုစိုက်တတ်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပါနော်။စန္ဒီမြင့်လွင်ရဲ့မိခင် ဒေါ်သီတာခင်ကလည်း မြေးမလေး Treasure ကြောင့် အမြဲပျော်ရွှင်နေရပြီး စိတ်ပျိုကိုယ်နုဆိုသလို အရွယ်တင်လှပနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့ သမီးလေးဟာဆိုရင်လည်း လူချစ်လူခင်အင်မတန်ပေါများပါတယ်နော်။

Photo Credit:Sandy Myint Lwin's Facebook Page
Photo Credit:Sandy Myint Lwin's Facebook Page
Photo Credit:Sandy Myint Lwin's Facebook Page

မေမေဒီးဒီကတော့ သမီးလေးကို သေချာပြုစုစောင့်ရှောက်ပြီး လိုအပ်တာမှန်သမျှကို သူမကိုယ်တိုင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။Treasure လေးရဲ့ ဖွားဖွားကလည်း မြေးမလေးနဲ့အမြဲတမ်းအတူတူဆော့ကစားပေးပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးမှာ အေးချမ်းနေကြတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့ မေမေကတော့ ရိုးရိုးကြီးနဲ့ စိတ်ကောင်းနှလုံးကောင်းရှိသူတစ်ဦးဖြစ်တဲ့အပြင် အလှူအတန်းဆိုလည်း ရက်ရောပါတယ်နော်။

Photo Credit:Thidar Khin's Facebook Account
Photo Credit:Thidar Khin's Facebook Account

အခုဆိုရင်တော့ စန္ဒီမြင့်လွင်တို့ သားအမိနှစ်ယောက်က Live လွှင့်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးစကားပြောကြကာ ဟော့ပေါ့တွေလည်း စားနေကြတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့မေမေကတော့ Live လွှင့်မှာကြောင့် နှုတ်ခမ်းနီလေးကို ပါးပါးလေးဆိုးထားထားတာဖြစ်ပြီး ဒီးဒီက ဟော့ပေါ့စားတာတောင် နှုတ်ခမ်းနီမပျက်တဲ့မေမေ့ကို စနောက်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thidar Khin's Facebook Account
Photo Credit:Thidar Khin's Facebook Account
Photo Credit:Thidar Khin's Facebook Account

Source&Photo Credit:Sandy Myint Lwin's Facebook Page

Video Credit:Sandy Myint Lwin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။