လက်ရှိအချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေ အများအပြားလက်ခံရိုက်ကူးနေရပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ကျောင်းကပွဲမှာဖျော်ဖြေတင်ဆက်ရင်း ဟာသဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကို ကြံံ့ကြံ့ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဖြူဖြူထွေးက ပရိသတ်တွေ လက်ခံအားပေးတဲ့အနုပညာရှင်အဖြစ် အောင်မြင်စွာရပ်တည်နေနိုင်ပြီပဲဖြစ်ပါတယ်။
ရိုးသားဖြူစင်ပြီး ဟန်ဆောင်မှုကင်းတဲ့ သူမရဲ့ပင်ကိုယ်ဟန်လေးကြောင့်လည်း ဖြူဖြူထွေးတစ်ယောက် အခုလိုအောင်မြင်လာရတာ ဖြစ်ပါတယ်။ စကားပြောတဲ့နေရာမှာရော နေထိုင်မှုပုံစံတွေမှာပါ ရိုးရိုးရှင်းရှင်းလေးပဲနေတတ်တဲ့ ဖြူဖြူထွေးက တစ်နေ့တစ်ခြားနာမည်ကြီးအောင်မြင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးရဲ့ဗီဒီယိုတွေကလည်း အမြဲတမ်းလိုလို Facebook မှာ ကြည့်ရှုသူသန်းနဲ့ချီအောင် ရရှိနေတာ ဖြစ်ပါတယ်။ အခုဆိုရင် ဖြူဖြူထွေးတစ်ယောက် ကမ္ဘာနဲ့ချီပြီး Facebook မှာ တစ်ရက်တာ Fan တိုးတက်နှုန်းအမြန်ဆုံးနဲ့ ပထမဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။
International Fan တွေပါရရှိထားတဲ့ BLACKPINK နဲ့ BTS တို့လို ကမ္ဘာကျော် Celebrity တွေကိုပါကျော်ဖြတ်ပြီး ဖြူဖြူထွေးက ထိပ်ဆုံးမှာရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေကြီးမားသထက် ကြီးမားလာတဲ့ ဖြူဖြူထွေးကတော့ တကယ့်ကိုဂုဏ်ယူချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ Facebook မှာ တစ်ရက်တာ Fan တိုးနှုန်းအများဆုံးနဲ့ ပထမဖြစ်နေတဲ့ ဖြူဖြူထွေးရဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
Source:Sociabakers.com
Photo Credit-Phyu Phyu Htwe's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။