ပရိတ်သတ်ကြီးရေ....အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေပြီး အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားတဲ့ မင်းသမီးချောကြီးမေသန်းနုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာတစ်ခေတ်တခါတည်းက အောင်မြင်မှုရရှိခဲ့တဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး ယနေ့ထိတိုင်လည်း ပရိတ်သတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိနေတာပဲဖြစ်ပါတယ်။ မေသန်းနုရဲ့သားချောလေးဖြစ်တဲ့ မင်းသန့်မောင်မောင်ကလည်း အခုဆိုရင်အနုပညာအလုပ်တွေကိုစတင်လုပ်ဆောင်နေပြီဖြစ်ပြီး ဖေဖေစင်ရော်မောင်မောင်ရဲ့ အနုပညာအမွေကိုလက်ခံပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့ရပ်တည်နေတာပါနော်။

Photo Credit-Zin Yaw Mg Mg's Facebook acc
Photo Credit-Zin Yaw Mg Mg's Facebook acc

မင်းသန့်မောင်မောင်ဟာ နိုင်ငံခြားမှာလည်းပညာတွေသင်ယူလာခဲ့တာဖြစ်ပြီး သူလေ့လာခဲ့တဲ့ပညာတွေကိုကောင်းကောင်းအသုံးချပြီး အနုပညာဖန်တီးမှုအသစ်တွေကိုပရိတ်သတ်တွေအတွက် ချပြပေးနေတာလည်းဖြစ်ပါတယ်။ မင်းသန့်ဟာအမေကိုချစ်တဲ့သားတစ်ယောက်လည်းဖြစ်တာကြောင့် မေမေ့ရဲ့လိုအပ်ချက်မှန်သမျှကိုတတ်နိုင်သမျှဖြည့်ဆည်းပေးနေတာလည်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း သူတိုသားအမိနှစ်ယောက်ရဲ့ကြည်နူးစရာဆက်ဆံရေးလေးကိုကြည့်ပြီး အားကျကျေနပ်နေကြမယ်ထင်ပါတယ်နော်။

Photo Credit-Zin Yaw Mg Mg's Facebook acc

မကြာသေးမီကလည်း မေသန်းနုရဲ့ခင်ပွန်းဟောင်းဖြစ်တဲ့စင်ရော်မောင်မောင်ဟာ သူ့ရဲ့Facebookစာမျက်နှာတွင်"မဆင့်အိမ်တွင်မဟာ ဗော ဓိ ရွှေ ကျင် ကျောင်း တိုက် မှ ဆ ရာတော် ကြီး နဲ့ သံ ဃာ တော် များ ကြွ ရောက်ပြီး ဘု ရား နေ က က ဇာ တင် ခြင်း ပ ရိတ် တ ရား ချီး မြှင့် ခြင်း ကမ္မဝါ ဖတ် ခြင်း တို့ ကို ဆောင် ရွက် နေ ပါ သည်.. မောင်စင်ရော်" ဆိုပြီးရေးသားကာ ကုသိုလ်ကောင်းမှုတွေလုပ်နေတဲ့ပုံလေးတွေနဲ့ ရွှေမိုးငွေမိုးရွာနေတဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Zin Yaw Mg Mg's Facebook acc
Photo Credit-Zin Yaw Mg Mg's Facebook acc

Source-Zin Yaw Mg Mg's Facebook acc

Photo Credit-Zin Yaw Mg Mg's Facebook acc

Video Credit-Zin Yaw Mg Mg's Facebook acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။