အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေ သီဆိုတတ်ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေနဲ့အတူ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသူကတော့ အဆိုတော် ဖြိုးမြတ်အောင်ပဲ ဖြစ်ပါတယ်နော်..။
Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရင်ထဲ နေရာယူထားတဲ့ ဖြိုးမြတ်အောင်ကတော့ အခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်ကာ သီချင်းကောင်းလေးတွေလည်း ဖန်တီးနေသလို ကြော်ငြာတွေလည်း ရိုက်ကကူးနေပါပြီနော်..။
ဖြိုးမြတ်အောင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျရောက်ခဲ့တဲ့ သူ့ရဲ့အသက်(၂၈)နှစ်ပြည့် မွေးနေ့လေးမှာ မိသားစုတွေနဲ့အတူ မွေးနေ့အလှူတွေလည်း ပြုလုပ်ခဲ့ပြီး မွေးနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်နော်..။
ဖြိုးမြတ်အောင်ရဲ့ မွေးနေ့အလှူလေးမှာလည်း အနုပညာအလုပ်တွေလုပ်ပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ သားလေးအကြောင်းကို မိခင်ဖြစ်သူ ဒေါ်သန်းသန်းမြင့်က ချီးကျူးစကားလေးတွေနဲ့အတူ ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။
စကားပြောနည်းတဲ့ သားဖြစ်သူ ဖြိုးမြတ်အောင်ဟာ အနုပညာလုပ်ပြီးနောက်ပိုင်း ချစ်တဲ့ပရိသတ်တွေနဲ့ နွေးထွေးမှုရှိကာ စကားပြောတာတွေကအစ လိမ္မာပါးနပ်မှုတွေလည်း ရှိလာပြီဆိုပြီး ကိုယ်တိုင်တောင် ချီးကျူးရတဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။
ငယ်ငယ်လေးကတည်းက မွေးနေ့ကို ထွေထွေထူးထူး မလုပ်ဖူးဘဲ အသက်(၂၆)နှစ်က Myanmar Idol ပြိုင်ပွဲမှာ စပြီး ကိတ်ခွဲဖူးပြီး ပျော်ပြီးစိတ်လှုပ်ရှားလို့ မျက်ရည်တောင် ကျရတဲ့ အကြောင်းလေးကိုလည်း ပြောပြထားတဲ့ ဖြိုးမြတ်အောင်တို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit - Phyo Myat Aung's Fb Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။