ကျစ်လျစ်တောင့်တင်းတဲ့ Body ပေါ်မှာ အမိုက်စားတတ်တူးတွေ ဆေးခြယ်ထားတဲ့ကိုလူချောလေးတစ်ယောက်လို့ဆိုလိုက်တာနဲ့ မင်းသားချောလေး တိုင်ရွန်ကိုပြေးမြင်မိကြမယ်ထင်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်တဲ့ တိုင်ရွန်ကတော့ မော်ဒယ်၊သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလေးဖြစ်ပါတယ်။ တိုင်ရွန်က ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ Six Packs တွေနဲ့ ပျိုပျိုမေလေးတွေကို ဖမ်းစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

တတ်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တာလေးကတော့ တိုင်ရွန်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အချက်တစ်ချက်ပဲဖြစ်ပါတယ်။တက်တူးအပြည့်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် အဓိကနာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။လတ်တလောမှာလည်း သူရဲ့ဆိုင်ကယ်ကြီးကို အခန်းထဲထိထည့်ကာ ရေချိုးခန်းသွားတာတောင် စီးသွားတဲ့ အခွီဟာသဗီဒီယိုလေးကို စနောက်ကာ ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Tyron Bejay Facebook Account

တိုင်ရွန်ကတော့ အမြဲလိုလို စနောက်ကာ ပျော်ပျော်နေတတ်သူလေးလည်းဖြစ်ကာ ဒီဗီဒီယိုလေးကြည့်ပြီး အူတက်ရယ်နေရတာလည်းဖြစ်ပါတယ်။အတိုင်ရဲ့ ဗီဒီယိုလေးတွေဟာဆိုရင်လည်း အွန်လိုင်းမှာရေပန်းစားလူကြိုက်များနေတာလည်းဖြစ်ပါတယ်။တိုင်ရွန်ပရိသတ်ကြီးတွေတွက် သူရဲ့ ဟာသ ဗီဒီယိုလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

Source & Photo Credit : Tyron Bejay Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။