ပရိသတ်ကြီးရေ မော်ဒယ်သန္တာလှိုင်ကတော့ အသက်(၄၀)ကျော်အရွယ်ထိတောင် သွယ်လျလှပတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး မော်ဒယ်တစ်ယောက်ရဲ့အင်္ဂါရပ်တွေနဲ့ ပြည့်မှီနေဆဲဖြစ်ပါတယ်နော်။သန္တာလှိုင်က ကလေးနှစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်ဖြစ်ပေမယ့် လေ့ကျင့်ခန်းကို တစိုက်မက်မက်လုပ်ဆောင်ပြီး ကျန်းမာရေးကိုအလေးထားတာကြောင့် ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်အလှနဲ့အတူ အရွယ်တင်နုပျိုနေတာပဲဖြစ်ပါတယ်။

Photo Credit:Thandar Hlaing's IG Acc
Photo Credit:Thandar Hlaing's IG Acc

သန္တာလှိုင်ရဲ့လက်တွဲဖော်ကလည်း ချစ်ဇနီးရဲ့ကိစ္စအ၀၀ကို အပြည့်အဝနားလည်ပေးပြီး ဇနီးမောင်နှံနှစ်ယောက်လုံးက ရှေ့သွားနောက်လိုက်ညီပါတယ်နော်။သန္တာလှိုင်ကိုအရမ်းချစ်ပြီး လိုလေသေးမရှိအောင်ဂရုစိုက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တဲ့အပြင် သန္တာလှိုင်တို့က စိတ်တူကိုယ်တူနဲ့ ဝါသနာလည်းတူကြတဲ့ လက်တွဲဖော်တွေဖြစ်ကြပါတယ်။ပရိသတ်တွေကတော့ သန္တာလှိုင်ရဲ့ အေးချမ်းတဲ့ဘဝလေးကို အားကျပြီးချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Thandar Hlaing's IG Acc
Photo Credit:Thandar Hlaing's IG Acc
Photo Credit:Thandar Hlaing's IG Acc

သန္တာလှိုင်တို့ဇနီးမောင်နှံနှစ်ယောက် တွေ့ဆုံခဲ့ကြတဲ့အချိန်လေးကတော့(၅)နှစ်ရှိသွားပြီဖြစ်ပြီး နှစ်တွေကြာသွားပေမယ့်လည်း အေးအတူပူအမျှနဲ့ ချစ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း သန္တာလှိုင်ရဲ့ခင်ပွန်းက ချစ်ဇနီးလေးရဲ့ခန္ဓာကိုယ်လေးကို ပွေ့ချီပြီး အသည်းယားလို့နားရွက်လေးကို ကိုက်ကာချစ်မဝဖြစ်နေတာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်ကတော့ အပြန်အလှန်ကြည်နူးနေကြတာဖြစ်လို့ သူတို့ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thandar Hlaing's IG Acc
Photo Credit:Thandar Hlaing's IG Acc

Source&Photo Credit:Thandar Hlaing's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။