သမီးသုံးယောက် အမေလို့ ထင်ရက်စရာမရှိလောက်အောင်ကို နုပျိုလှပနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ စီးပွားရေးလုပ်ငန်းတွေနဲ့ မိခင်ဖြစ်သူရဲ့ ခြံထဲက အသီးမျိုးစုံကို လက်မလည်အောင် ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ထူးချွန်ထက်မြက်မှုတွေကို ကြည့်ကာ အားကျနေကြတာလည်း ဖြစ်ပါတယ်။  

Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook Account

နန္ဒဟာ သမီးလေးသုံးယောက်ကို လိုလေသေးမရှိအောင် အနီးကပ် ပြုစုစောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သမီးလေးတွေဟာလည်း လတ်တလော ကျောင်းတွေ ပိတ်ထားတာကြောင့် Tik Tok လေးတွေ ဆော့ကစားကာ သူတို့ရဲ့ အကောင့်တွင် ပြန်လည် ဝေမျှထားကြတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း နန္ဒာရဲ့ သမီးအငယ်ဆုံးလေး မဒီရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Angelpppoll's Tik Tok Account
Photo Crd - Angelpppoll's Tik Tok Account
Photo Crd - Angelpppoll's Tik Tok Account

ဒါကတော့ ညီမလေးဆော့ကစားထားတဲ့ ဘောလုံးလေးတွေကို လိုက်သိမ်းပေးနေတဲ့ နန္ဒာလှိုင်သမီးအလတ်လေးရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ သူတို့ ညီအစ်မ သုံးယောက်ဟာလည်း တစ်ယောက်ကို တစ်ယောက် ရန်မဖြစ်ကြဘဲ အရမ်းကို ချစ်ခင် ကြတာကြောင့်လည်း နန္ဒာတစ်ယောက် ကြည်နူးပီတိ ဖြစ်နေရတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ရတီရဲ့ Tik Tok ဗီဒိယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Angelpppoll's Tik Tok Account and Nandar Hlaing's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။