မနေ့ က အောက်တိုဘာ ၁၄ ရက်နေ့ဟာ မေမြတ်နိုးရဲ့ မွေးနေ့ဖြစ်ပါတယ်။ Asia Next Top Model မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် သွားရောက်ရှင်ပြိုင်ခဲ့ရာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အသက်အရွယ်နှင့်မလိုက်အောင် အောင်မြင်မှုရရှိနေတဲ့ မေမြတ်နိုးဟာ မနေ့ကဘဲ အသက် ၁၈နှစ်ပြည်သွားပါတယ်။

မေမြတ်နိုးဟာ သူမမွေးနေ့ပွဲကို အနုပညာရှင်များကို ဖိတ်ခေါ်ကာ ကျင်းပခဲ့ပါတယ်။ သူမ မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့သူတွေထဲမှာ ပိုင်ဖြိုးသုလဲ ပါခဲ့ပါတယ်။ ဆရာဝန်မလေး ပိုင်ဖြိုးသုဟာ မေမြတ်နိုး နှင့် အတူ ဓာတ်ပုံတွဲရိုက်ကာ သူမရဲ့ ဖေ့ဘွတ်အကောင့်မှာ တင်ပြီး သူမ နှင့် မွေးနေ့ရှင် မေမြတ်နိုး ရဲ့ ရုပ်ရည်ကို နှိုင်းယှဉ်ကာ ယခုလိုဘဲပြောခဲ့ပါတယ်။

'ကျွန်မ သူနှင့်ဘေးမှာ ရပ်လိုက်ရင် အရပ်ပု၊ ရုပ်ဆိုးပြီး၊ ဝနေတယ်ဆိုတာသိတယ်။ ဒါပေမယ့် အတွင်းရောအပြင်ရောမှာပါ လှတဲ့ ကောင်မလေးအတွက် ဒီပုံလေးကို တင်မယ်နော်' ဆိုပြီး မေမြတ်နိုးရဲ့ အလှကို ချီးကျူးခဲ့ပါတယ်။

မေမြတ်နိုးကလဲ သူမကို မွေးနေ့ပွဲကို လာခဲ့တဲ့အတွက်ရော လက်ဆောင် အတွက်ရော ကျးဇူးတင်တယ်ချစ်ဆုံးလေး ဆိုပြီးပြန်လည်ပြောကြားခဲ့ပါတယ်။ ပြီးတော့ ပိုင်ဖြိုးသုကိုလည်း အတွင်းရောအပြင်ရော လှတဲ့သူပါဘဲဆိုပြီး ပြန်လည်ချီးကျူးခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ပရိသတ်တွေကတော့ သူတို့ နှစ်ယောက်ကို အတူတူတွေ့ရတဲ့အတွက် ဝိုင်းဝန်းပြီးချီးကျူးကာ ချစ်ခင်ကြပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။