အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေ များစွာနဲ့ ရပ်တည်နေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်အဖြစ်နဲ့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပြီး အငြိမ့်မင်းသမီးလေးအဖြစ်နဲ့ပါ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd - May Kabyar's Facebook Page
Photo Crd - May Kabyar's Facebook Page
Photo Crd - May Kabyar's Facebook Page

သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေအားလုံးက စောင့်ကြည့်အားပေးနေရတာလည်း ဖြစ်ပါတယ်။

သူမဟာ လတ်တလော အနုပညာလှုပ်ရှားမှုတွေ မရှိသေးပင်မယ့်လည်း စီးပွားရေး အလုပ်တွေကို မနားရအောင် တောက်လျှောက်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သူမဟာ ဘယ်အချိန်ကြည့်ကြည့် ဟိုးအရင်တုန်းကလို လှပ နုပျိုနေဆဲပဲဖြစ်ပြီးတော့ ကလေးတစ်ယောက်မိခင်ဖြစ်သွားသည့်တိုင်အောင် ချစ်စရာကောင်းနေဆဲ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ 

Photo Crd - May Kabyar's Facebook Page
Photo Crd - May Kabyar's Facebook Page
Photo Crd - May Kabyar's Facebook Page

သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲလိုလို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးနဲ့ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမပိုင်တဲ့ စက်ရုံကိုသွားရောက်ပြီး အထည်တွေကို သွားရောက်စစ်ဆေးလေ့လာနေတဲ့ မေကဗျာရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မေကဗျာရဲ့ Live Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - May Kabyar's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။