ပရိတ်သတ်ကြီးရေ.....မင်းသမီးချောလေးခြူးလေးကတော့ ဇာတ်လမ်းတွဲတွေကိုရိုက်ကူးလာခဲ့ရာကနေ အောင်မြင်မှုရရှိလာတာပဲဖြစ်ပါတယ်။ သူမပါ၀င်ရိုက်ကူးခဲ့တဲ့ Mrtv-4ရဲ့ဇာတ်ကားကောင်းတွေဖြစ်တဲ့ "ထာ၀ရမန္တလေး၊ နွေလယ်ညရဲ့လမင်း" စတဲ့ဇာတ်လမ်းတွဲတွေမှာ ပရိတ်သတ်တွေရဲ့အားပေး၀န်းရံမှုကိုရရှိခဲ့တာပါ။ ဒါ့ပြင်ခြူးလေးဟာ ရုပ်ရှင်ကားကြီးတွေအထိပါ ရိုက်ကူးအောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်နော်။

ခြူးလေးဟာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေအပြင် အသံချိုချိုအေးအေးလေးနဲ့လည်း သီချင်းတွေသီဆိုတတ်ပါသေးတယ်။ မကြာသေးမီကထွက်ရှိတဲ့ သူမရဲ့သီချင်းသစ်ဖြစ်တဲ့ "နီးနီးလေးပဲ"ဆိုတဲ့ သီချင်းလေးဟာလည်း လူငယ်ပရိတ်သတ်တွေကြားမှာရေပန်းစားတဲ့ သီချင်းကောင်းလေးပါနော်။ ခြူးလေးဟာ tik tokဗီဒီယိုလေးတွေကိုလည်း အများနဲ့မတူအောင်လည်းမျိုးစုံဆော့တတ်ပါသေးတယ်နော်။

Photo credit-Chue Lay's Facebook acc

ခြူးလေးဟာ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက် တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ"လိုချင်တာမှန်သမျှလွဲခဲ့ရတဲ့သူပါ ....ဘဝမှာကံကောင်းဖူးတာဆိုလို့ မင်းကို ....ပိုင်ဆိုင်ရတာလေးပဲရှိတာ" ဆိုတဲ့captionလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Chue Lay's Facebook acc
Photo credit-Chue Lay's Facebook acc

Source-Chue Lay's Facebook acc

Photo credit-Chue Lay's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။