မခိုင်လေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ခိုင်သင်းကြည်ကတော့ လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ပြောဆိုတတ်တဲ့ မခိုင်လေးက အားလုံးကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာ ဖြစ်ပါတယ်။ အချိန်အတော်ကြာအောင် အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ မခိုင်လေးက အကယ်ဒမီနှစ်ဆုတိတိ ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

မခိုင်လေးက ယနေ့အချိန်အထိ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေသလို မခိုင်ကြီး၊ကိုခန့်တို့နဲ့လည်း "ခသုံးလုံး" ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ထားတာ ဖြစ်ပါတယ်။ လတ်တလောမှာ မခိုင်လေးတစ်ယောက် အိမ်မှာပဲချစ်ရတဲ့မိသားစုလေးကို အချိန်ပိုပေးဖြစ်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မခိုင်လေးက သူမအနေနဲ့ အရမ်းကိုချစ်ခင်ရင်းနှီးရတဲ့ မင်းသမီးချော မေသန်းနုရဲ့အိမ်ကို အလည်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Zin Yaw Mg Mg's FB Acc

မခိုင်လေးက မေသန်းနုအိမ်မှာ ကျင်းပပြုလုပ်တဲ့ ဘုရားနေကဇာတင်ပွဲလေးကို သူမကိုယ်တိုင် တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မခိုင်လေးက ချစ်ရတဲ့အစ်မမေသန်းနုနဲ့ မတွေ့တာကြာလို့ စကားလက်ဆုံကျရင်း ပျော်ရွှင်နေခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ခိုင်သင်းကြည်နဲ့ မင်းသမီးချော မေသန်းနုတို့အနုပညာညီအစ်မနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Khine Thin Kyi's FB Acc 

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။