ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးမို့ ပရိသတ်တွေ အားလုံးက သဘောကျအချစ်ပိုနေကြသူလေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းသလို ပွင့်လင်းတဲ့ စကားပြောဟန်ပန်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေး ယမုံကတော့ “ကျွန်မက မဟေသီ” ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို သိမ်းပိုက်ထားနိုင်သလို နောက်ထပ်ဇာတ်လမ်းကောင်းတွေလည်း ရိုက်ကူးသရုပ်ဆောင်ဦးမှာပါနော်..။

Photo Credit - Wint Yamone Naing's Fb Account
Photo Credit - Wint Yamone Naing's Fb Account

လတ်လောမှာတော့ မင်းသားချော စည်သူဝင်းနဲ့ ဇာတ်ကားရိုက်နေတဲ့ အချစ်တော်လေး ယမုံလေးကတော့ ပရိသတ်တွေအရမ်းကြိုက်ပြီး အရမ်းလက်ခံအားပေးမယ့် ထူးထူးခြားခြား ကာရိုက်တာတွေနဲ့ ဇာတ်ကားတွေ အများကြီး ရိုက်ချင်တဲ့အကြောင်း ပြောပြလာပါတယ်နော်..။

“ပရိသတ်ကြိုက်မယ့် ထူးထူးခြားခြားကာရိုက်တာ ရိုက်ချင်ပါတယ် “မဟေသီ”တုန်းက တစ်နိုင်ငံလုံး အုံးအုံးကြွကြွ အားပေးကြတယ် အဲ့အပေါ်မှာလည်း အရမ်းကျေးဇူးတင်တယ် ပထမဆုံး ကလေးအမေပုံစံနဲ့ အနေအေးအေးလုပ်ရတဲ့ဇာတ်ရုပ်ဆိုတော့ ကြောက်လည်းကြောက်တာပေါ့ ဒါပေမယ့်လည်း ပရိသတ်တွေအားပေးကြတယ် အရမ်းလည်းချစ်ကြတယ်ဆိုတော့ နောက်ထပ်လည်း ပရိသတ်တွေအကြိုက်ပြီးတော့ ပရိသတ်အရမ်းလက်ခံအားပေးမယ့် ဇာတ်လမ်းတွေအများကြီး ရိုက်ချင်ပါသေးတယ်..” ဆိုပြီး ပြောပြထားတာပါ..။


Photo Credit - Wint Yamone Naing's Fb Account
Photo Credit - Htet Zaw Aung

သူမရိုက်ချင်တဲ့ ကားရိုက်တာလေးနဲ့ ဇာတ်ကားအကြောင်းပြောပြထားသလို ဟင်းချက်တာကို ဝါသနာပါပြီး မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ်တိုင် ချက်ပြုတ်ပေးရတာကို သဘောကျတဲ့ အကြောင်းလေးကိုလည်း ယမုံလေးက ပြောပြထားပါသေးတယ်..။

ချက်ပြုတ်ပေးတာကို ကြိုက်သလို သူမချက်ပေးတာကို စားပြီး စားကောင်းတယ်လို့ ပြောရင် သဘောကျတဲ့အကြောင်းလေးတွေကိုလည်း ချစ်စဖွယ်လေး ပြောပြထားတဲ့ ယမုံလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Wint Yamone Naing's Fb Account
Photo Credit - Htet Zaw Aung

Photo Credit - Wint Yamone Naing's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။