တချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကတော့ ယခုအချိန်ထိ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပနေဆဲပဲ ဖြစ်ပါတယ်။ ချောမောလှပပြီး ကျက်သရေရှိတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်ရဲ့ မျက်နှာလေးကလည်း အမြဲအေးချမ်းနေတာပါ။ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားတာကြာပြီဖြစ်တဲ့ နန္ဒာလှိုင်ကို ပရိသတ်တွေက ယနေ့တိုင် အားပေးနေကြဆဲဖြစ်ပါတယ်။ အိမ်ထောင်မှုတာဝန်တွေကို လုပ်ဆောင်နေရတဲ့ နန္ဒာလှိုင်က အလှမပျက်ပဲ အမြဲသပ်ရပ်လှပနေတာကိုလည်း တွေ့ရပါတယ်......။ 

Photo credit _ Zay Thiha's FB account
Photo credit _ Zay Thiha's FB account
Photo credit _ Zay Thiha's FB account

နန္ဒာလှိုင်က သမီးချောလေး သုံးယောက်ကို မွေးဖွားထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားသူပါ။ မိခင်ကောင်းတစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်က သမီးလေးသုံးယောက်လုံးကို မိခင်မေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ဦးဇေသီဟ ကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပြီး မိသားစုကို လိုလေသေးမရှိအောင် အမြဲဂရုစိုက် စောင့်ရှောက်တက်သူဖြစ်လို့ ပရိသတ်တွေက အားကျနေကြတာပါနော်......။ 

Photo credit _ Zay Thiha's FB account
Photo credit _ Zay Thiha's FB account
Photo credit _ Zay Thiha's FB account

ယနေ့မှာတော့ နန္ဒာလှိုင်က သမီးအငယ်ဆုံးလေးဖြစ်တဲ့ ဇေမဒီလှိုင်နဲ့အတူ အထာကျကျပိုစ့်ပေးပြီး ဓာတ်ဖမ်းကာ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းကာ စကားလည်းတက်ပြီး အမြဲတီတီတာတာပြောဆိုတက်တဲ့ မဒီလေးရဲ့ ပိုစ့်လေးတွေနဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေ အသည်းယားအချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ နန္ဒာလှိုင်တို့ သားအမိနှစ်ယောက်ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်နော်.....။

Photo credit _ Zay Thiha's FB account
Photo credit _ Zay Thiha's FB account
Photo credit _ Zay Thiha's FB account

Photo credit _ Zay Thiha's FB account

Source _ Zay Thiha's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။