Mobile Legends ဟာဆိုရင် ခုချိန်မှာ Hero တော်တော်များများကို ထွက်ရှိထားပြီပြီးဖြစ်ပါတယ်။ ကစားသူလဲများပြားတဲ့ ဂိမ်းဖြစ်တာမို့ Asia မှာတော့ နေရာကောင်းကောင်းရထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ML မှာဆိုရင် ထွက်ပြီးသား Hero စုစုပေါင်း ၉၆ ယောက်ရှိပါတယ်။ ၉၆ ယောက်ထဲမှာ Hero ၆ယောက်က Revamp လုပ်ပြီး ထွက်ဖို့ ရှိပါသေးတယ်။ အောက်မှာဆိုရင်တော့ နောက်ထပ်ထွက်ရှိလာဖို့ရှိတဲ့ Hero ၄ကောင်ကို ဖော်ပြလိုက်ပါတယ်။  

ပထမဆုံးထွက်ရှိလာနိုင်ချေရှိတဲ့ Hero ကတော့ Khaleed ပဲဖြစ်ပါတယ်။ စမ်းသပ် Server မှာဟာပြီးဆုံးလို့နီးပါရှိနေပြီဖြစ်ပါတယ်။ သူရဲ့ Story ကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Khaleed နဲ့ Relative ဖြစ်နေတဲ့ Hero တွေကတော့ Khufra နဲ့ Moskov တို့ပဲဖြစ်ပါတယ်။ နောက်ထွက်ရှိလာမယ့် Hero ကတော့ Benedetta ဆိုတဲ့ ကောင်မလေးပဲဖြစ်ပါတယ်။ သူကတော့ Anime ကားထဲက Sword Animation ကိုပိုင်ဆိုင်ထားတဲ့ သူလေးဖြစ်ပါတယ်။ သူနဲ့ ဆက်စပ်နေတဲ့ Hero ကတော့ Alucard နဲ့ အသစ်ထွက်လာမယ့် Protti ပဲဖြစ်ပါတယ်။ 

နောက်တစ်ယောက်ကတော့ Mobile Legends ရဲ့ အကြီးဆုံး Hero လို့ပြောလို့ရပါတယ်။ သူ့ရဲ့ Passive ကြောင့် သူရဲ့ Hero Size ဟာ တဖြည်းဖြည်းနဲ့ ကြီးလာတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ သူရဲ့ Story ကတော့ ခုချိန်မှာတော့ ထွက်ရှိထားချင်းမရှိပါဘူး။ နောက်ဆုံး အယောက် ၁၀၀မြောက် Hero ကတော့ Protti ပဲဖြစ်ပါတယ်။ သူဟာဆိုရင်တော့ Marksman Assassin Role အဖြစ်သာသိရှိထားရပြီး Skill တွေကိုတော့မသိရသေးပါဘူး။ သူ့ရဲ့ Story ကတော့ Benedetta နဲ့ဆက်စပ်နေပါတယ်။  

သတင်းအရင်းမြစ် Omega

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။