ပရိသတ်ကြီးရေ နုံအအ ကောင်မလေး ပန်းနုသွေးကာရိုက်တာလေးနဲ့ လူသိများခဲ့ပြီး အောင်မြင်မှုတွေ အသင့်အတင့်ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ပဲဖြစ်ပါတယ်။ သူမက ဇာတ်လမ်းတွဲအတော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီး အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ မေမြင့်မိုရ်က ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ကျစ်လစ်လှပတဲ့ ကိုယ်ခန္ဓာအချိုးအစားလေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့သူလည်းဖြစ်ပါတယ်.....။

Photo credit _ May Myint Mo's FB account
Photo credit _ May Myint Mo's FB account

လတ်တလောမှာတော့ မေမြင့်မိုရ်က အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ photo shootingတွေကို လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ မေမြင့်မိုရ်က သူမအားလပ်တဲ့ အချိန်လေးတွေမှာလည်း ပရိသတ်တွေ အလွမ်းပြေကြည့်ရှုစေနိုင်ရန်အတွက် အမိုက်စား Tiktokလေးတွေနဲ့ အလန်းစား ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲမျှဝေပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်။ မေမြင့်မိုရ်က ယခုမှာတော့ ပုဂံဘုရားကို အနုပညာအလုပ်ကိစ္စတွေနဲ့ ရောက်ရှိနေတာပဲဖြစ်ပါတယ်.....။

Photo credit _ May Myint Mo's FB account
Photo credit _ May Myint Mo's FB account
Photo credit _ May Myint Mo's FB account

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ " မေ ချစ်တဲ့ပုဂံမြေလေးမှာ ကောင်းကင်ပေါ်ပျံဝဲလာတဲ့ မီးပုံးပျံကြီးတွေရယ် ပုဂံမြေရဲ့ခမ်းနားတဲ့အလှနဲ့Sunriseကိုငေးကြည့်ရင်း.. " ဆ်ိုတဲ့ စာသားလေးနဲ့အတူ ပုဂံမြို့ရဲ့ အလှအပတွေကို အပြည့်အဝကြည့်ရှု့ခံစားနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း မေမြင့်မိုရ်ရဲ့ ဗီဒီယိုဖိုင်လေးတွေကို ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။

Photo credit _ May Myint Mo's FB account
Photo credit _ May Myint Mo's FB account
Photo credit _ May Myint Mo's FB account

Photo credit _ May Myint Mo's FB account

Source _ May Myint Mo's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။