ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါတယ်။ သူမဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအမွေေတွေကို ဆက်ခံရရှိထားသူတစ်ယောက်ဖြစ်ပြီး ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ အားလုံးက ချစ်မ၀ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာတော့ သြစတေးလျနိုင်ငံမှာ ခင်ပွန်း ဖြစ်သူနဲ့အတူ ပညာတော်သင်သွားရောက်နေတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Yunwaddy’s IG Account
Photo Crd- Yunwaddy’s IG Account
Photo Crd- Yunwaddy’s IG Account

ခေးလေးဟာ ကျောင်းပိတ်တဲ့ အချိန်တိုင်း မြန်မာနိုင်ငံကို ပြန်လာလေ့ရှိပြီး ကြော်ငြာလေးတွေနဲ့ ပွဲအခမ်းအနားတွေ တက်ရောက်လေ့ရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ သားလေးဟာလည်း ပရိသတ်တွေသာမကဘဲ အနုပညာရှင်များလည်း ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခေးလေးတစ်ယောက် ကျောင်းတွေ ပိတ်ထားတာကြောင့် အိမ်မှာဘဲ နေထိုင်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ 

Photo Crd- Yunwaddy’s IG Account
Photo Crd- Yunwaddy’s IG Account
Photo Crd- Yunwaddy’s IG Account

အချိန်အားရင် အားသလို Tik Tok လေးတွေ ဆော့ကစားပြီး ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သီချင်းလေးရဲ့ တီးလုံးအတိုင်း အထာကျကျလေး ကပြထားတဲ့ ယွန်းဝတီလွင်မိုးရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ခေးလေးရဲ့ အကလေးတွေကို ကြည့်ရှုစီးမျောနိုင်အောင် သူမရဲ့ Tik Tok Video လေးကို အခုပဲ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Yunwaddy's IG Account

@yunwlm

I need to clean my rooom but

♬ All About Cake - kyleyoumadethat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။