တေးသံရှင်ဇော်ပိုင်ကတော့ လတ်တလောမှာဆိုရင် Rဇာနည်တို့မိသားစုရယ်၊ဖိုးကာတို့မိသားစုရယ်နဲ့အတူ အပန်းဖြေခရီးသွားနေကြတာဖြစ်ပါတယ်။အနုပညာညီအစ်ကိုတွေဖြစ်လို့ ဟိုးအရင်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြပြီး တေးသီချင်းတွေလည်း အတူတူသီဆိုခဲ့ကြပါတယ်။ဇော်ပိုင်တို့သုံးယောက်လုံးက အနုပညာလောကမှာ အောင်မြင်နေကြတဲ့‌ တေးသံရှင်တွေပါနော်။

Photo Credit:Zaw Paing's Facebook Account
Photo Credit:Zaw Paing's Facebook Account
Photo Credit:Zaw Paing's Facebook Account

ဇော်ပိုင်က သားလေးနဲ့ချစ်ဇနီးလေးကို အချိန်အပြည့်ပေးပြီး ပျော်စရာလေးတွေကိုဖန်တီးပေးနေတာပါနော်။Rဇာနည်နဲ့ဖိုးကာတို့ကလည်း မိသားစုဝင်တွေအကုန်လုံးကို ခေါ်ခဲ့ပြီး ပျော်ပျော်ပါးပါးအပန်းဖြေနေကြတာဖြစ်ပါတယ်။အနုပညာအလုပ်ဆိုလည်း ကြိုးစားလုပ်ဆောင်ကြသလို သံစဉ်အသစ်လေးတွေ ခေါင်းထဲဝင်ဖို့အတွက် မိသားစုကိုယ်စီနဲ့ အေးအေးချမ်းချမ်း အနားယူနေကြတာဖြစ်ပါတယ်။

Photo Credit:Zaw Paing's Facebook Account
Photo Credit:Zaw Paing's Facebook Account
Photo Credit:Zaw Paing's Facebook Account

ဇော်ပိုင်တို့တွေက တကယ့်ဆွေမျိုးအရင်းအခြာတွေလို ချစ်ချစ်ခင်ခင်ရှိကြပြီး ပျော်ရွှင်နေကြတာဖြစ်ပါတယ် ကလေးအချင်းချင်းတွေကလည်း တည့်ကြပြီး အတူတူဆော့ကစားကြကာ သူတို့လေးတွေလည်း အပန်းဖြေခရီးမှာပျော်နေကြတာပါနော်။မိသားစုကိုယ်စီနဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Zaw Paing's Facebook Account
Photo Credit:Zaw Paing's Facebook Account
Photo Credit:Zaw Paing's Facebook Account

Source&Photo Credit:Zaw Paing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။