အပိုလိုမရှိကွက်တိကျလွန်းလှတဲ့ သရုပ်ဆောင် အိုက်တင်တွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက် လက်ခံအားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကိုပဲ ဖြစ်ပါတယ်။ မိုးဟာ သိတတ်လိမ္မာလွန်းတဲ့ သမီးလေး တစ်ယောက်ဖြစ်ပြီး မိဘနှစ်ပါးလုံးကို ယနေ့ချိန်ထိ လုပ်ကျွေးပြုစုနေတာလည်း ဖြစ်ပါတယ်။ ဒီလိုသိတတ်လွန်းတာကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Moe Hay Ko’s Facebook Page
Photo Crd- Moe Hay Ko’s Facebook Page
Photo Crd- Moe Hay Ko’s Facebook Page

မိုးဟာ မကြာသေးခင်ကလည်း ချစ်ရတဲ့ ဖေဖေ၊မေမေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ မြို့ပြရဲ့ မွန်းကြပ်မှုတွေ ကြားက ရုန်းထွက်ကာ နေ့ချင်းပြန် ခရီးတိုလေးတစ်ခု သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း မကြာသေးခင် နာရီပိုင်းလေးအတွင်းက ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့....." မွန်းကြပ်တဲ့မြို့ပြနဲ့အဝေးမှာ....ပျော်ရွှင်ခြင်းတွေနဲ့ဖြတ်သန်းခဲ့တဲ့မိုးရဲ့ Day Trip Memories

Photo Crd- Moe Hay Ko’s Facebook Page
Photo Crd- Moe Hay Ko’s Facebook Page
Photo Crd- Moe Hay Ko’s Facebook Page

ဒီCOVIDကာလမှာ မိုးတို့မိသားစုလည်းအိမ်မှာနေရတာကြာလာတာနဲ့အမျှ ငြီးငွေ့လာကြတာနဲ့ မိုးမိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ရန်ကုန်နဲ့မနီးမဝေးမှာပဲရှိတဲ့ Green Farmer Organic Farmကို ပျော်ပျော်ပါးပါး Picnic ထွက်ခဲ့ကြတယ်

ဒီ Green Farmer Organic Farmကို ဘာကြောင့်လာဖို့ ရွေးချယ်ခဲ့လဲဆို သူက ဒီကာလအတွင်းမှာ လာမယ်ဆို ကိုယ်လာမယ့်နေ့ကို ကြိုbookလုပ်ရပြီး မိုးတို့တွေပဲ တစ်နေ့လုံးဒီFarmကြီးထဲမှ ာသီးသန့်ရှိနေမှာဆိုတော့ ကျန်းမာရေးအတွက်လည်းစိတ်ချရတာပေါ့နော်... မိုးတို့တွေပဲဒီ Green Farmer Organic Farmအကျယ်ကြီးထဲမှာ ဘာတွေစားခဲ့ကြလုပ်ခဲ့ကြလဲ၊ သူငယ်ချင်းတွေနဲ့အတူဘာ Activitiesတွေ exploreလုပ်လို့ရလဲဆိုတာ ဒီvideoလေးနဲ့အတူ ချစ်ရတဲ့Fanတွေအတွက် မျှဝေလိုက်ပါတယ်နော်....

#MOELifeAndBeauty #ကျွန်မချစ်သော #ရှင်သန်ခြင်းနေ့သစ်များ “ ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် မိုးရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Moe Hay Ko’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။