ပီပြင်တဲ့ သရုပ်ဆောင် မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖွေးဖွေးတစ်ယောက် ဝမ်းနည်းနေတဲ့ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Phway Phway’s Facebook Page
Photo Crd- Phway Phway’s Facebook Page
Photo Crd- Phway Phway’s Facebook Page

ဒါကတော့ ဩစတေးလျနိုင်ငံ ဇူလိုင်လ ၁၁ ရက် နံနက် ၉ နာရီ ၂၇ မိနစ် အချိန်တွင် ဩစတေးလျနိုင်ငံ၊ကင်မ်ဘာရာမြို့တွင် ပျံလွန်တော်မူသွားပြီဖြစ်တဲ့ နိုင်ငံကျော် ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဦးကျော်ဟိန်း ပျံလွန်တော်မူသွားတဲ့ သတင်းကို ကြားကြားချင်း မယုံနိုင်အောင်ဖြစ်သွားပြီး သူမရဲ့ Facebook Story မှာ ဝမ်းနည်းစွာငိုကြွေးနေတဲ့ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း 

Photo Crd- Phway Phway’s Facebook Page
Photo Crd- Phway Phway’s Facebook Page
Photo Crd- Phway Phway’s Facebook Page

“ ဘယ်​တေ့ာမှ...မ​မေ့ဘူး...

ကိုယ့် idol နှစ်​ယောက်လုံး နဲ့ အပြင်မှာ အနီးကပ် မ​တွေ့ဘူးခဲ့​ပေမယ့်...

ဘယ်​တော့မှမ​မေ့ပါဘူး...

11th July “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့ကတော့ ပရိသတ်တွေသာမကဘဲ အနုပညာရှင်များအားလုံးကပါ ဝမ်းနည်းပူဆွေးရတဲ့ နေ့လေး တစ်နေ့ပါပဲနော်။ ဦးဇင်း ဦးကျော်ဟိန်းတစ်ယောက် ပြုပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Phway Phway’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။