ပရိတ်သတ်ကြီးရေ....အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေပြီး အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားတဲ့ မင်းသမီးချောကြီးမေသန်းနုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အခုဆိုရင်ပြစ်ဒဏ်ကနေလည်းလွတ်မြောက်လာခဲ့ပြီဖြစ်ပြီး သူမချစ်ရတဲ့ဆွေမျိုးအပေါင်းအသင်းတွေနဲ့ တွေ့ဆုံပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။ မဆင့်ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးရော ပရိတ်သတ်တွေရောကပါ ပျော်ရွှင်ကျေနပ်နေကြတာပါနော်။

Photo credit-Zin Yaw Mg Mg's Facebook acc
Photo credit-Zin Yaw Mg Mg's Facebook acc

မဆင့်ရဲ့တစ်ဦးတည်းသောသားလေးဖြစ်တဲ့ မင်းသန့်မောင်မောင်ကတော့ ပိုပြီးတော့ပျော်ရွှင်နေတာပါ။ မင်းသန့်ဟာမေမေကိုချစ်တဲ့သားတစ်ယောက်လည်းဖြစ်တာကြောင့် မေမေ့ရဲ့လိုအပ်ချက်မှန်သမျှကိုတတ်နိုင်သမျှဖြည့်ဆည်းပေးနေတာလည်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း သူတိုသားအမိနှစ်ယောက်ရဲ့ကြည်နူးစရာဆက်ဆံရေးလေးကိုကြည့်ပြီး အားကျကျေနပ်နေကြမယ်ထင်ပါတယ်နော်။

Photo credit-Zin Yaw Mg Mg's Facebook acc
Photo credit-Zin Yaw Mg Mg's Facebook acc

မဆင့်ဟာပြစ်ဒဏ်ကလွတ်မြောက်လာပြီးတဲ့နောက်မှာတော့ ချစ်ရတဲ့သားလေးမင်းသန့်နဲ့အတူနေထိုင်သွားမှာဖြစ်ပါတယ်နော်။ မကြာသေးမီကလည်း စင်ရော်မောင်မောင်ဟာ သူ့ရဲ့Facebookစာမျက်နှာတွင် "သားသား မင်းသန့်မောင်မောင်နှင့် မဆင့်တို့၏ အိမ်တက်မင်္ဂလာပွဲသို့ ကြွရောက်ချီးမြှင့်ပေးခဲ့သော ရပ်ကွက်အတွင်းမှ ချစ်ခင်လေးစားရတဲ့ အိမ်နီးနားချင်း အပေါင်းတို့အား အထူး ကျေးဇူးတင်ရှိပါသည်...." ဆိုပြီးရေးသားဖော်ပြလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Zin Yaw Mg Mg's Facebook acc
Photo credit-Zin Yaw Mg Mg's Facebook acc

Source-Zin Yaw Mg Mg's Facebook acc

Photo credit-Zin Yaw Mg Mg's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။