Versace နှင့်အတူ ဖက်ရှင်ကဏ္ဏသစ် ဖွင့်လှစ်မည့်

တေးသံရှင် Zayn Mailk

One Direction မှအဖွဲ့ဝင်အဟောင်းတစ်ဦးဖြစ်သူ တေးသံရှင် Zayn Mailk က အီတလီနိုင်ငံ၏ ကမ႓ာကျော်ဖက်ရှင် Brand တစ်ခုဖြစ်သော Versace နှင့်အတူပူပေါင်းကာ ZAYNxVERSUS အမည်ရှိဖက်ရှင်လိုင်းတစ်ခုကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့ ပထမအကြိမ် စတွေ့တုန်းကတည်းက တေးသံရှင် Zayn Mailk ကသူ့အနေနဲ့ ဖက်ရှင်ကိုဘယ်လောက်ထိချစ်မြတ်နိုးကြောင်းပြသပြောဆိုခဲ့တာပါ။Versaceရဲ့ ဖက်ရှင်ကဏ္ဏအသစ်တစ်ခုအတွက် သူနဲ့ကျွန်တော်တို့ရဲ့ပူးပေါင်းမှုဟာ ကောင်းမွန်သောပူးပေါင်းခြင်းဟုယူဆပါတယ်" ဟုVersace Group မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

Versace သည် ဆောင်းဦးရာသီအတွက် ဒီဇိုင်းမသစ်များကိုလည်း ယောက်ျားရော မိန်းမများအတွက်ပါထုတ်လုပ်ထားပြီး online မှစတင်ဖြန့်ချီမှာဖြစ်တယ်ဟုသိရပါတယ်။

တေးသံရှင် Zayn Mailk မှလည်း " Versace ကကျှန်တော်အရမ်ကြိုက်တဲ့ brand တစ်ခုပါ။နောင် ကျွန်တော်ရဲ့မျိုးဆက်သစ်တွေအတွက်လည်းကောင်းနေဦးမှာပါ။သူနဲ့အတူပူးပေါင်းပြီး ထူးခြားသော ဒီဇိုင်းအသစ်များလည်းဖန်တီးသွားမှာပါ"ဟုပြောကြားခဲ့ပါသည်။

Versace အနေနဲ့လည်း သူတို့၏ ဖက်ရှင်ကို လူငယ်သေးသံရှင်တစ်ဦးဖြစ်သည့်အပြင် ဖက်ရှင်ကိုပါချစ်မြတ်နိုးသည့်သူဖြစ်သော Zayn Mailk နဲ့လက်တွဲခွင့်ရတဲ့အတွက် ဂုဏ်ယူပါကြောင်း Twitter တွင်ဖော်ပြခဲ့ပါသည်။

The X Factor အဆိုပြိုင်ပွဲမှအစပြု၍ ဂီတဘောကထဲသို့ရောက်ရှိလာခဲ့သည့် တေးသံရှင်Zayn Mailk သည် One direction အဖွဲ့နှင့်အတူ စတုဒီယို အယ်လ်ဘမ်လေးခုတွင် ပါဝင်သီဆိုခဲ့ပြီးနောက် ၂၀၁၅ လုနှစ် မတ်လတွင် အဖွဲ့မှနှုတ်ဆက်ထွက်ခွာကာ တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုကိုသာဦးစားပေးဆောင်ရွက်နေသူဖြစ်သည်။

ပထမဆုံးထွက်ရှိခဲ့သည့် တစ်ကိုယ်တော် အယ်လ်ဘမ်Pillowtalk သည်လည်း နိုင်ငံတော်တော်များများတွင်ရောင်ူအားကောင်းခဲ့ပြီး ယူကေနှင့်ယူအက်စ်တွင် ထိပ်တန်းအမျိုးသားတေးသံရှင်တစ်ဦးအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

ထို့အပြင် Zayn Mailk သည် Talkshow တစ်ခုဖြစ်သည့်The Tonight Show Starring Jimmy Fallon တွင်ဧည့်သည်သရုပ်ဆောင်အဖြစ်လည်းကာင်း,နာမည်ကြီးအဆိုပြိုင်ပွဲဖြစ်သောThe voice Season 10 Finals တွင်လည်းဧည့်သည်အဖြစ်ပါဝင်ခဲ့ဖူးသေးသည်။

#ZAYNxVERSACE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။