သုသုလို့ဆိုလိုက်တာနဲ့ ပရိသတ်တွေတော်တော်များများက သူမရဲ့ဟာသဗီဒီယိုလေးတွေကို နှစ်ခြိုက်အားပေးရင်း ရင်းနှီးလာခဲ့ကြမယ် ထင်ပါတယ်နော်။ အပျော်တမ်းဟာသဗီဒီယိုလေးတွေ ရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးလေ့ရှိတဲ့ သုသုကတော့ Cele တစ်ဦးဖြစ်သလို နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အခုဆိုရင် သုသုက သူမဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc

သုသုကတော့ မကြီးစန်း၊ မထက်၊ လင်းလင်းတို့နဲ့အတူ "ကျားကျားကြိုက်ကြိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံးရိုက်ကူးရင်းကနေ တဖြည်းဖြည်းနဲ့ ကြော်ငြာတွေ၊ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သုသုတစ်ယောက် ပရိသတ်တွေအတွက် အခွီဗီဒီယိုလေးတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သုသုက "ဘယ်သူ အလှဆုံးလဲ" ဆိုတဲ့ ဟာသဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc

ဒီဗီဒီယိုလေးမှာတော့ သုသုက မှန်ရှေ့မှာရပ်ပြီး "မှန်ကြီးရေဘယ်သူအလှဆုံးလဲ" ဆိုပြီး မေးခွန်းလေးမေးလိုက်တာ ဖြစ်ပါတယ်။ သုသုရဲ့မေးခွန်းကို မှန်ကြီးက "သုသုအလှဆုံးပဲ"လို့ဖြေပြီးကာမှ နောက်ထပ်စကားတစ်ခွန်းကြောင့် သုသုတစ်ယောက် စိတ်ဆိုးခဲ့ရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သုသုနဲ့ မှန်ကြီးရဲ့ဇာတ်လမ်းလေးကို ပုံဖော်ထားတဲ့ အခွီတလိုင်းဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Nyi Nyi Mg- Sanchaung's FB Page 

Photo Credit-Nyi Nyi Maung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။