ပရိတ်သတ်တွေသည်းသည်းလှုပ်ချစ်ကြတဲ့ အနုပညာရှင်ဆယ်လီတွေရဲ့ကလေးတွေထဲမှာဆိုရင် စန္ဒီမြင့်လွင်ရဲ့ချစ်စရာကောင်းတဲ့သမီးလေး ခင်လင်းထင်(ခေါ်)Treasureလေးလည်းအပါအဝင်ဖြစ်ပါတယ်နော်။ Treasureလေးဟာ ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာအရမ်းကောင်းတာဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်ကိုအိုက်တင်လေးတွေလည်းလုပ်တတ်နေတာဖြစ်ပါတယ်။ မေမေဒီးဒီးဟာလည်း သမီးလေးကိုအချိန်အရမ်းပေးတတ်သူဖြစ်ပြီး သမီးလေးနဲအတူ tik tokဗီဒီယိုလေးတွေကိုရိုက်ပြီးတင်ပေးတတ်ပါသေးတယ်။

Photo Credit-Sandy Myint Lwin's Facebook acc
Photo Credit-Sandy Myint Lwin's Facebook acc

Treasureလေးရဲ့ဖေဖေဖြစ်သူကလည်း သမီးလေးကိုအရမ်းအလိုလိုက်ပြီးချစ်တဲ့သူဖြစ်ပြီး သူတို့မိသားစုလေးဟာလည်း ပရိတ်သတ်တွေအားကျချစ်ခင်ရတဲ့မိသားစုလေးပါ။ ဒီနေ့လေးကတော့ သမီးလေးTreasureရဲ့တစ်နှစ်ပြည့်မွေးနေ့လေးလည်းဖြစ်ပါတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာပြီး တစ်နေ့တခြားချစ်စရာကောင်းလာတဲ့ သမီးလေးပါပဲနော်။

Photo Credit-Sandy Myint Lwin's Facebook acc
Photo Credit-Sandy Myint Lwin's Facebook acc

သမီးလေးတစ်နှစ်ပြည့်မွေးနေ့အလှူလေးကိုလည်း ဖေဖေနဲ့မေမေကသေချာဂရုတစိုက်လေးလုပ်ပေးကြတာဖြစ်ပါတယ်။ ဒီအကြောင်းလေးကို စန္ဒီမြင့်လွင်ဟာသူမရဲ့Facebookစာမျက်နှာမှာ "ထရက်ရှာ့မွေးနေ့အမှတ်တစ်ရ တစ်နှစ်ပြည့်မွေးနေ့အလှုူလေးလှူဖြစ်ပါတယ်ရှင်ကူညီလှူဒါန်းပေးကြတဲ့Plume SmallbabyFancy House StoreOhgiya Myanmarမိသားစု သမီးလေးကိုချစ်ခင်စွာဖြင့်မွေးနေ့ဆုတောင်းပေးကြသူများနဲ့ ချစ်ခင်စွာဖြင့်ကိတ်များမွေးနေ့လက်ဆောင်များပို့ပေးကြတဲ့အနယ်အနယ်အရပ်ရပ်မှ တစ်ဦးတစ်ယောက်ချင်းစီအားလုံးကိုလဲ ထရက်ရှာတို့မိသားစုမှအထူးကျေးဇူးတင်ပါတယ်ရှင်" ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sandy Myint Lwin's Facebook acc
Photo Credit-Sandy Myint Lwin's Facebook acc

Source-Sandy Myint Lwin's Facebook acc

Photo Credit-Sandy Myint Lwin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။