ပရိသတ်ကြီးရေ အကယ်ဒမီလူမင်းကတော့ ချစ်စရာကောင်းပြီးသိတတ်လိမ္မာကြတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားပြီး အေးချမ်းတဲ့မိသားစုဘဝလေးမှာ ပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။ဧရာဝတီလူမင်းနဲ့ဧဝရက်လူမင်းတို့ မောင်နှမနှစ်ယောက်ကလည်း ချစ်မွှေးလေးတွေပါကြပြီး စာပေပညာမှာလည်း ထူးချွန်ထက်မြက်ကြတဲ့သူတွေပါနော်။လူမင်းတို့ဇနီးမောင်နှံကတော့ ထက်မြက်ကြတဲ့သားနဲ့သမီးကြောင့် အမြဲတမ်းမျက်နှာပန်းပွင့်နေကြတာဖြစ်ပါတယ်။ 

Photo Credit:Ayarwady LuMin's Facebook Account
Photo Credit:Ayarwady LuMin's Facebook Account
Photo Credit:Ayarwady LuMin's Facebook Account

လူမင်းတို့ဇနီးမောင်နှံကလည်း သားနဲ့သမီးကို ငယ်စဉ်ကတည်းက သေချာသင်ကြားပြသပေးပြီး ဆုံးမထားကြတာဖြစ်လို့ ဧရာဝတီနဲ့ဧဝရက်လေးက ရိုးရိုးအေးအေးလေးတွေဖြစ်ကြပါတယ်။ဧရာဝတီတို့မောင်နှမနှစ်ယောက်က ဘာသာတရားလည်း ကိုင်းရှိုင်းကြတဲ့အပြင် နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးပြီး ကုသိုလ်ကောင်းမှူတွေပြုလုပ်ကြတာဖြစ်ပါတယ်။လူမင်းတို့ဇနီးမောင်နှံကလည်း သားသမီးတွေရဲ့ရှေ့ဆောင်လမ်းပြဖြစ်အောင် သူတို့ကိုယ်တိုင်လည်း ဘာသာရေးကိုလိုက်စားကြပါတယ်နော်။

Photo Credit:Ayarwady LuMin's Facebook Account
Photo Credit:Ayarwady LuMin's Facebook Account
Photo Credit:Ayarwady LuMin's Facebook Account

အခုဆိုရင်တော့ ဧရာဝတီနဲ့ဧဝရက်တို့မောင်နှမနှစ်ယောက်က အိမ်မှာကိုးကွယ်ဆည်းကပ်ထားတဲ့ ဘုရားရှင်ကို ဆွမ်း၊ခဲဖွယ်၊ဘောဇဉ်တို့ကို သေသေချာချာဆပ်ကပ်လှူဒါန်းပြီး တရားထိုင် ပုတီးစိပ်နေကြတာဖြစ်ပါတယ်။မောင်နှမနှစ်ယောက်လုံး တက်ညီလက်ညီနဲ့ ကုသိုလ်ရေးတွေအတူတူလုပ်ဆောင်ကြပြီး အတုယူဖို့ကောင်းလောက်အောင် ဘာသာတရားကိုင်းရှိုင်းကြတဲ့ ဧရာဝတီနဲ့ဧဝရက်လေးတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ayarwady LuMin's Facebook Account
Photo Credit:Ayarwady LuMin's Facebook Account
Photo Credit:Ayarwady LuMin's Facebook Account

Source&Photo Credit:Ayarwady LuMin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။