photo credit - reatz facebook page

Illuminar Gaming cs:go team က player တစ်ဦးဖြစ်တဲ့ retz ကတော့ မနေ့က ဇူလိုင်လ 13 ရက်နေ့က သူ့ရဲ့ facebook page မှာ post တစ်ခုတင်ခဲ့ပါတယ်။

reatz တင်ခဲ့တာကတော့ သူ့အနေနဲ့ Illuminmar Gaming ကနေ inactive roster နေရာကို ပြောင်းရွှေ့သွားပါတော့မယ်။

ဒါဟာ သူ့အတွက် အရမ်းခက်ခဲတဲ့ ဆုံးဖြတ်ချက်ဆိုပေမယ့် reatz အနေနဲ့ ခနာအနားယူသွားဖို့ အလိုရှိနေတာပဲဖြစ်ပါတယ်။

reatz အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ဖို့လိုအပ်နေပြီး Illuminar Gaming အနေနဲ့လည်း သူ့နေရာမှာအစားထိုးဖို့အတွက် player တစ်ယောက်အမြန်ဆုံးရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူ့ရဲ့ facebook page မှာ post တင်ခဲ့တာပဲဖြစ်ပါတယ်။

Illuminar Gaming အနေနဲ့လည်း Eden Arena: Malta Vibes – Week 3 ယှဉ်ပြိုင်ဖို့ရှိနေတာကြောင့် reatz နေရာမှာဝင်ဆော့ဖို့အတွက် rallen ကို stand- in players အနေနဲ့ခေါ်ယူခဲ့ပါတယ်။

လက်ရှိ Illuminar Gaming ရဲ့ cs:go roster အပြည့်အစုံကတော့

innocent

Vegi

mouz

Snax

rallen

IMD (coach)

တို့ပဲဖြစ်ပါတယ်။

source -reatz facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။