ပရိသတ်ကြီးရေ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် တချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသားချော ဘုန်းလျှံကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ ဘုန်းလျှံက အကြမ်းအနုဇာတ်စုံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တာလည်းဖြစ်ပါတယ်.....။

Photo credit - Bhone Hlan's FB account
Photo credit - Bhone Hlan's FB account

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ မင်းသားချော ဘုန်းလျှံက ယခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း ကြိုးစားလုပ်ကိုင်နေသူတစ်ဦးပါ။ လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတာလည်းဖြစ်ပါတယ်။ ယခုလို နည်းပါးနေချိန် ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ပရဟိတ မင်းသမီးချောလေးဖြူဖြူထွေးက ကြော်ငြာခေါ်ရိုက်တာကြောင့် ပျော်ရွှင်နေတာလည်းဖြစ်ပါတယ်......။

Photo credit - Bhone Hlan's FB account
Photo credit - Bhone Hlan's FB account
Photo credit - Bhone Hlan's FB account

ကြော်ငြာခေါ်ရိုက်တဲ့အပြင် လိုအပ်တဲ့ပစ္စည်းအစုံအလင်ကိုလည်း ကန်တော့လိုက်တာကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေကြောင်းကို မင်းသားချော ဘုန်းလျှံက သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ " AYA bank..ကြော်ငြာရိုက်ပြီးကန်တော့ခံရတော့ဝမ်းသာပိတိဖြစ်ရပါတယ်.....ညီမလေးဖြူဖြူထွေးရေ" ဆိုတဲ့ စာသားလေးအပြင် ပုံလေးတွေကိုလည်း တင်ပေးလာတာပါ။ ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ အလှူဒါနလေးကို သာဓုခေါ်နိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။

Photo credit - Bhone Hlan's FB account
Photo credit - Bhone Hlan's FB account
Photo credit - Bhone Hlan's FB account

Photo credit - Bhone Hlan's FB account

Source - Bhone Hlan's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။