ပရိသတ်ကြီးရေ တေးသံရှင်Rဇာနည်ဟာဆိုရင် သားနှစ်ယောက် သမီးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။Rဇာနည်ရဲ့ချစ်ဇနီးချောလေးဝမ်းကလည်း သားသမီးတွေအပေါ်မှာ မိခင်ကောင်းပီသသလို လင်ယောက်ျားအပေါ်မှာလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်လို့ Rဇာနည်တို့မိသားစုဘဝလေးကို ပရိသတ်တွေက အားကျပြီးချစ်နေရတာ‌ပါနော်။

Photo Credit: Zarni Myonyunt's Facebook Account
Photo Credit: Zarni Myonyunt's Facebook Account
Photo Credit: Zarni Myonyunt's Facebook Account

Rဇာနည်ရဲ့ကလေးသုံးယောက်လုံးကလည်း ဖေဖေနဲ့မေမေ့ဆီက အချောအလှတွေအကုန်အမွေရထားတာဖြစ်လို့ မွေးစကတည်းက ချစ်မွှေးပါလာကြတာဖြစ်ပါတယ်။သမီးငယ်လေးဆိုရင်လည်း မျက်နှာဝိုင်းဝိုင်းလေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းတာကြောင့် ကြီးလာရင်အရမ်းချောမယ့်ကလေးလေးပါနော်။ဖစ်ဖစ်နဲ့ချစ်ချစ်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း ညီမလေးကို အရမ်းချစ်ကြပါတယ်။

Photo Credit:Phit Phit Chit Chit's Facebook page
Photo Credit:Phit Phit Chit Chit's Facebook page

သမီးငယ်လေးကတော့ (၂)လပြည့်သွားပြီဖြစ်ပြီး Rဇာနည်တို့ဇနီးမောင်နှံက သမီးလေးရဲ့နာမည်ကို မေဘုန်းဇာနည်လို့ နာမည်ပေးလိုက်တာဖြစ်ပါတယ်။မိသားစုငါးယောက်လုံး အမှတ်တရဓာတ်ပုံလေးတွေရိုက်ကြပြီး ဖစ်ဖစ်နဲ့ချစ်ချစ်ရဲ့ အိုင်တင်ပေးတာလေးက ချစ်စရာလေးပါနော်။ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့ Rဇာနည်တို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phit Phit Chit Chit's Facebook page
Photo Credit:Phit Phit Chit Chit's Facebook page
Photo Credit:Phit Phit Chit Chit's Facebook page

Source&Photo Credit:Phit Phit Chit Chit's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။