မင်းသားချော ဖြိုးငွေစိုးကတော့ အရပ်ရှည်ရှည်၊ Body တောင့်တောင့်နဲ့ ယောက်ျားပီသတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါကတည်းက လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့တဲ့ ဖြိုးငွေစိုးက လက်ရှိမှာလည်း ဇာတ်ကားတွေ ရိုက်ကူးနေရဆဲ ဖြစ်ပါတယ်။ ဖြိုးငွေစိုးကတော့ ချစ်ရတဲ့ဇနီးချောလေးရယ်၊ သားချောလေးရယ်နဲ့ အရမ်းကိုပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit-Phyo Ngwe Soe's FB Acc
Photo Credit-Phyo Ngwe Soe's FB Acc
Photo Credit-Phyo Ngwe Soe's FB Acc

ဖြိုးငွေစိုးရဲ့သားလေးကတော့ ဖေဖေ့လိုခန့်ပြီး မေမေ့လိုချောတဲ့သားလေးဖြစ်တာကြောင့် အားလုံးကချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ်။ စတိုင်အပြည့်နဲ့ လူကြီးလေးတစ်ယောက်လို ရှိုးထုတ်တတ်တဲ့ ဖြိုးငွေစိုးရဲ့သားလေးက တကယ့်ကိုချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ အခုလည်း ဖေဖေဖြိုးငွေစိုးက " ကဲ ဒီတကွက်တော့ကိုယ်တွေပါငေးရပြီ " ဆိုပြီး သားလေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေထားတာ ဖြစ်ပါတယ်။

Photo Credit-Phyo Ngwe Soe's FB Acc
Photo Credit-Phyo Ngwe Soe's FB Acc
Photo Credit-Phyo Ngwe Soe's FB Acc

ဒီဗီဒီယိုလေးမှာ ဖြိုးငွေစိုးရဲ့သားလေး ဂုဏ်ပြည့်စုံဖြိုးက သူ့ဘာသူဗီဒီယိုလေးရိုက်ရင်း " ဂုဏ်ဂုဏ်ကွာ ဒီနေ့တော်တော်ချောနေတာပဲကွာ မိုက်တယ်" ဆိုပြီး တစ်ယောက်တည်းပြောနေတာပဲ ဖြစ်ပါတယ်။ အဖေတူသားချောလေးဖြစ်တဲ့ ဂုဏ်ဂုဏ်ကတော့ အိုင်တင်အပြည့်နဲ့ စကားပြောနေတာလေးကလည်း အသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြိုးငွေစိုးသားလေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Phyo Ngwe Soe's FB Acc

Photo Credit-Zin Zin's FB Acc
Photo Credit-Phyo Ngwe Soe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။