အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေများစွာရရှိထားပြီး လျှောက်လှမ်းနေတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချော​လေး မေမြင့်မိုရ်ပဲဖြစ်ပါတယ်။ မေမြင့်မိုရ်က mrtv-4က ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ အများဆုံးပါဝင်သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေအကြိုက်တွေ့နေရတဲ့ သူလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့သူမရဲ့ မျက်နှာလေးနဲ့ ဖြူစင်တဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်....။ 

Photo credit -Kyaw Shwe Min - Dior by Heart
Photo credit -Kyaw Shwe Min - Dior by Heart

မေမြင့်မိုရ်က လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ Photo shootingတွေကို ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ သူမရဲ့ တနေ့တာ လှုပ်ရှားမှုလေးတွေနဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးလျက်ရှိနေတဲ့ မေမြင့်မိုရ်က ယနေ့မှာလည်း ရူတင်က ပုံလေးတွေကို တင်ပေးလာတာပါ။ အနုပညာမောင်နှမဖြစ်တဲ့ တက်သစ်စ သရုပ်ဆောင် မင်းသားချော ချမ်းမင်းရဲထွဋ်နဲ့အတူ ရိုက်ထူးတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်....။

Photo credit -Kyaw Shwe Min - Dior by Heart
Photo credit -Kyaw Shwe Min - Dior by Heart

အတွဲညီညီနဲ့ လိုက်ဖက်လွန်းတဲ့ နှစ်ယောက်က ယခုမှာလည်း အဖြူရောင် သတို့သား သတို့သမီးတွေအဖြစ် ရူတင်မှာ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ တကယ်မင်္ဂလာဆောင်မယ့် သူတွေလို လိုက်ဖက်လွန်းနေတာကြောင့်ချစ်ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.....။

Photo credit -Kyaw Shwe Min - Dior by Heart
Photo credit -Kyaw Shwe Min - Dior by Heart
Photo credit -Kyaw Shwe Min - Dior by Heart

Photo credit -Kyaw Shwe Min - Dior by Heart

Source - May Myint Mo's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။