photo credit - Neon Esports Facebook page

လက်ရှိ Neon Esports ရဲ့ mid player Yopaj ရဲ့နာမည်အရင်းကတော့ Erin Jaspoer Ferrer ဖြစ်ပြီး သူဟာ ဖီလစ်ပိုင်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Yopaj public players အဖြစ်ကနေ dota 2 pro teams တွေမှာစတင်ကားခဲ့တာကတော့ 2019 ခုနှစ် 7 လပိုင်း 19 ရက်နေ့ကဖြစ်ပြီး Indonesia နိုင်ငံက The Prime ဆိုတဲ့အသင်းမှာကစားခဲ့တာပဲဖြစ်ပါတယ်။

The Prime မှာတော့ Yopaj ဟာ နှစ်လကျော်ကျော်လေးသာကစားခဲ့ပြီး 2019 ခုနှစ် 9 လပိုင်း 16 ရက်နေ့မှာ ထွက်ခွာခဲ့ပြီး Neon Esports ကိုပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။

Neon Esports ကိုရောက်ခါစမှာတော့ Yopaj ဟာ အသင်းနဲ့အသားမကျသေးတာကြောင့် performance အရမ်းကြီးမကောင်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Yapaj ရဲ့ mid ဟာ SEA region က ဘယ်သူနဲ့ပဲတွေ့တွေ့ မနိမ့်ဘဲသာအောင်ကစားနိုင်တာတွေ့ရသလို အသင်းနဲ့လည်း တော်တော်လေးအသားကြပြီး တွဲဖက်ညီလာတာကိုတွေ့ရပါတယ်။

ဒီရက်ပိုင်း tournaments တွေမှာကစားနေတဲ့ Yopaj ရဲ့ Earth Spirit mid ကလည်း Neon ရဲ့ ကစားကွက်နဲ့တော်တော်လေးအသားကြပြီး performance တော်တော်ထွက်တာကိုတွေ့ရပါတယ်။

Yopaj အနေနဲ့ Neon Esports နဲ့အတူ tournaments တော်တော်များများကို ဝင်ရောက်ယှဉ်ပြိုင်ထားပြီး tournaments 8 ခုလောက်မှာ Champion ဖြစ်ထားတဲ့ players တစ်ယောက်ပဲဖြစ်ပါတယ်။

Yopaj Neon Espors နဲ့အတူ champion ဖြစ်ထားတဲ့ tournaments တွေကတော့

Asia Summer Championship 2020

Amadeus Cup 2020

Para bellum 2020 Dota2 Tournament

Asia Pacific Predator League 2020 Philippines Finals

GOD League 2019

VARENA DOTA2 Challenge Season2 2019

Blue Dota Championships 2019

Asia DOTA2 Master League Season1

တို့ပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။