ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိလာပြီး အောင်မြင်မှုရရှိနေတဲ့ တက်သစ်စမင်းသမီး‌ချောလေးတွေထဲမှာဆိုရင် မေတိုးခိုင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ သူမဟာအနုပညာမျိုးရိုးရှိသူလည်းဖြစ်ပြီး သူမရဲ့အန်တီဖြစ်သူကတော့ ဒိတ်ဒိတ်ကြဲမင်းသမီးချောကြီးဖြစ်တဲ့ ထပ်ဆင့်အကယ်အိန္ဒြာကျော်ဇင်ပါနော်။ မေတိုးခိုင်ဟာ တီတီအူဝဲဆီကနေအနုပညာအမွေကိုဆက်ခံထားတဲ့သူလေးဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာပါ။

Photo credit- - May Toe Khine - မေတိုးခိုင်'s FB page
Photo credit- - May Toe Khine - မေတိုးခိုင်'s FB page

အူဝဲဟာလည်း အနုပညာအလုပ်တွေအပြင် ဂစ်တာတီး၊ပန်းချီဆွဲတာတွေမှာပါ ထူးချွန်တဲ့သူပါ။ တူမဖြစ်သူ မေတိုးခိုင်တစ်ယောက်ဟာလည်း ပန်းချီဆွဲတာကို ဝါသနာပါတဲ့သူလေးဖြစ်ပါတယ်။ သူမရဲ့အားလပ်ချိန်လေးတွေ ပန်းချီဆွဲပီးကုန်ဆုံးတတ်သူလည်းဖြစ်ပြီး ပန်းချီပညာကိုကြိုးစားသင်ယူနေတာဖြစ်ပါတယ်။

Photo credit- - May Toe Khine - မေတိုးခိုင်'s FB page
Photo credit- - May Toe Khine - မေတိုးခိုင်'s FB page

မကြာသေးမီကလည်းသူမရဲ့ Facebookစာမျက်နှာမှာ "ဒီနေ့ဆွဲခဲ့တဲ့ ပန်းချီလေး​အကြောင်း 'Ecstacy' လို့ နမည်ပေးလိုက်တယ် " ဆိုတဲ့captionလေးနဲ့အတူ သူမရဲ့ကြိုးစားပုံဖော်ထားတဲ့ပန်းချီကားလေးနဲ့ပုံကိုတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit- - May Toe Khine - မေတိုးခိုင်'s FB page
Photo credit- - May Toe Khine - မေတိုးခိုင်'s FB page

Source- May Toe Khine - မေတိုးခိုင်'s FB page

Photo credit- - May Toe Khine - မေတိုးခိုင်'s FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။