photo credit - Ninjas in Pyjamas twitter

Ninjas in Pyjamas ကတော့ မနေ့က ဇူလိုင်လ 14 ရက်နေ့မှာ သူတို့ရဲ့ Valorant team roster ကိုအပြီးသတ်ကြေညာခဲ့ပါတယ်။

NiP အနေနဲ့ ပြီးခဲ့တဲ့ဇွန်လ 25 ရက်နေ့မှာ players နှစ်ယောက်ပါတဲ့ Valorant roster ကိုကြေညာခဲ့ပြီးနောက် roster အပြည့်အစုံကို ထပ်မံကြေညာခဲ့တာပဲဖြစ်ပါတယ်။

NiP ကြေညာခဲ့တဲ့ Valorant roster ကတော့

rhyme

luckeRRR

fearoth

HyP

CERA

တို့ပဲဖြစ်ပါတယ်။

ဒီ roster ထဲက rhyme နဲ့ luckeRRR တို့ကတော့ NiP ကိုပြီးခဲ့တဲ့ ဇွန်လ 25 ရက်နေ့ထဲက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး fearoth , HyP နဲ့ CERA တို့ကိုတော့ မနေ့ကမှခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

NiP အနေနဲ့လည်း ဒီ roster အသစ်နဲ့ WePlay! Invitational ပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် forZe နဲ့ ဒီကနေ့မှာယှဉ်ပြိုင်ကစားသွားဖို့ရှိနေပါတယ်။ 

source - Ninjas in Pyjamas twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။