အခုဆိုရင် အနုပညာလောကမှာရော ပရိသတ်တွေကြားမှာပါ နာမည်ကောင်းသတင်းနဲ့ ကျော်ကြားအောင်မြင်နေသူလေးကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ် ။ ကြော်ငြာတွေအဆက်မပြတ်ရိုက်ကူးနေရတဲ့ ဖြူဖြူထွေးက ဝါရင့်အနုပညာရှင်တွေကိုပါ ငွေကြေးနဲ့ ဆန်၊ဆီတွေ ထောက်ပံ့ကန်တော့လေ့ရှိတာ ဖြစ်ပါတယ် ။ သာမန်တက္ကသိုလ်ကျောင်းသူလေးအဖြစ်ကနေ ဝါသနာပါရာသရုပ်ဆောင်အလုပ်ကို ကြိုးစားရင်း လျှောက်လှမ်းခဲ့တဲ့ ဖြူဖြူထွေးက ကိုယ်ပိုင်အိမ်လေးကိုပါ ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Phyu Phyu Htwe's FB Acc

ဒါ့အပြင် ဖြူဖြူထွေးက သူမရှာဖွေတဲ့အနုပညာကြေးတွေနဲ့ မိဘနှစ်ပါးကိုပါ လိုလေသေးမရှိ ပြုစုလုပ်ကျွေးနေတာ ဖြစ်ပါတယ် ။ အသက်ငယ်ပေမယ့် ကိုယ်ပိုင်အရည်အချင်းရှိပြီး ဟန်ဆောင်မှုကင်းကင်း နေထိုင်တတ်တဲ့ ဖြူဖြူထွေးကို အားလုံးက ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက သူမရဲ့အိပ်ခန်းလှလှလေးကို စိတ်တိုင်းကျအလှတွေဆင်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Amazing Grace
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးရဲ့အိပ်ခန်းလေးကတော့ သန့်ရှင်းသပ်ရပ်ပြီး နေချင်စဖွယ်ကောင်းအောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ် ။ အခုတော့ ဖြူဖြူထွေးက မှန်တင်ခုံနဲ့ အဝတ်ဗီရိုမှာ အရုပ်လေးတွေကပ်ရင်း သေသေချာချာ အလှဆင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အိပ်ခန်းပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Phyu Phyu Htwe's FB Story 

Photo Credit-Amazing Grace
Photo Credit-Phyu Phyu Htwe's FB Story
Photo Credit-Phyu Phyu Htwe's FB Story
Photo Credit-Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။