အနုပညာလှုပ်ရှားမှု​တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ တက်သစ်စ မင်းသားချော ကျော်ထက်ဇော်ကတော့ ယခုလက်ရှိမှာလည်း မန္တလေး ပုသိမ်ကြီးမြို့ကို သွားရောက်ပြီး သံသာမိုးသိမ့်နဲ့အတူ MTVရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးမီအချိန်က ဇာတ်သိမ်းသွားခဲ့တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးထဲမှာ နှစ်ကိုယ်ခွဲကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကျော်ထက်ဇော်က ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူပါနော်... ။

Photo credit - Kyaw Htet Zaw's FB page
Photo credit - Kyaw Htet Zaw's FB page

တော်ကီကြွယ်လွန်းတဲ့ မင်းသားချော ကျော်ထက်ဇော်က ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ စမတ်ကျလွန်းတဲ့ သူရဲ့ ဖက်ရှင်တွေလည်း ယောကျာ်းလေးပရိသတ်တွေအကြိုက်တွေ့နေကြတာပါနော်။ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးလျက်ရှိနေတဲ့ ကျော်ထက်ဇော်က ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလါတာပါနော်.... ။

Photo credit - Kyaw Htet Zaw's FB page
Photo credit - Kyaw Htet Zaw's FB page
Photo credit - Kyaw Htet Zaw's FB page

ရူတင်နားတဲ့ ရက်လေးမှာ ကရင်ပြည်နယ်က ဇွဲကပင်တောင်ကို သွားရောက်လည်ပတ်ရင်း စိမ်းစိုလှပတဲ့ ရှုခင်းကို နောက်ခံထားကာ အထာကျကျပိုစ့်တွေပေးရင်း ဓာတ်ဖမ်းနေတာပါ။ ပုံလေးတွေအပြင် ကျော်ထက်ဇော်က " ဇွဲကပင်မြေကြီး သိပ်လှတယ် မင်းလိုပဲ " ဆိုပြီးပြောထားတာဖြစ်လို့ မိန်းကလေးပရိသတ်တွေ ကြည့်ရှုရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ကဲ ပရိသတ်တွေကလည်း ကျော်ထက်ဇော်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေ ပေးခဲ့ကြပါအုန်းနော်..... ။

Photo credit - Kyaw Htet Zaw's FB page
Photo credit - Kyaw Htet Zaw's FB page
Photo credit - Kyaw Htet Zaw's FB page

Source & Photo credit - Kyaw Htet Zaw's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။