Mobile Legends ထဲက ပုတဲ့ကောင်လေးတွေ ကောင်မလေးတွေဟာဆိုရင် သတ်ရခတ်တာကို ပရိသတ်ကြီးလဲ သိကြမှာပါ။ သူတို့လောက်သတ်ရခတ်တာ သူတိုပဲရှိတယ်ပြောရမလားပါပဲ။ အဲ့ထဲက Harith ဆိုတဲ့ကောင်လေးဟာလဲ သတ်ရခတ်သလို Damage တွေကလဲ ကြမ်းပါတယ်။ ကိုင်ရတာလဲ အနည်းနည်းငယ်တော့ ခတ်ခဲတာကို သိရှိကြမှာပါ။ အဲ့အပြင် သူ့ကိုလဲ Buff ပေးထားတာမို့ တော်တော်ဆိုးဆိုးပါပဲ။ အောက်မှာတော့ သူရဲ့ Skill တွေကိုဖော်ပြပေးလိုက်ပါတယ်။  

Skill 1 ကတော့ ကွင်းတစ်ခုကို ပစ်လိုက်တာဖြစ်ပြီး အဲ့ကွင်းရဲ့ အလယ်ကသူက ပိုပြီး Damage ထိစေပါတယ်။ Skill 2 ကတော့ သူဟာချိန်ထားတဲ့နေရာကို ခုန်လိုက်တာဖြစ်ပြီး ပစ်လိုက်ရင် Basic Attack ထက်ပို Damage ထိစေပါတယ်။ Ultimate ကတော့ ဓါးကြီးကိုခင်းလိုက်တာဖြစ်ပြီး Skill 1 ကိုသုံးခြင်းအားဖြင့် Skill 2 ကိုထပ်ခါထပ်ခါ သုံးလို့ရမှာဖြစ်ပါတယ်။ အာ့ကြောင့်ဖမ်းရခတ်ပြီး သတ်ရလဲခတ်ပါတယ်။  

Passive ကတော့ သူရဲ့ Stun မိချိန်ကို ရန်သူတွေအနားမှာရှိနေရင်လျော့ချပေးတာဖြစ်ပါတယ်။ Battle ဆိုင်တဲ့အခါကျရင် Ulti ကိုသုံးပြီး Skill 2 သုံး 1 သုံးလုပ်ပါ။ ရန်သူလက်ထဲကနေတော့ရှောင်ပြီး ပစ်ပေါ့။ Skill တွေကိုသိပြီး Battle ဆိုင်ပုံကိုလဲ သိပြီးဆိုတော့ ကစားရတာအဆင်ပြေမယ်လို့ထင်ပါတယ်။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။