photo credit - Neon Esports twitter

SEA region က dota 2 team တစ်ခုဖြစ်တဲ့ Neon Esports ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက roster အပြောင်းအလဲတစ်ခုကိုကြေညာခဲ့ပါတယ်။

Neon Esports ကြေညာခဲ့တာကတော့ po 3 player ဖြစ်သူ Rappy ဟာ အသင်းရဲ့တရားဝင်လမ်းခွဲထွက်ခွာသွားပြီဆိုတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Neon Esports အနေနဲ့ Rappy ရဲ့နေရာမှာအစားထိုးဖို့အတွက် Sam_H ကိုအစမ်းခန့် player အနေနဲ့ ခေါ်ယူခဲ့ပါတယ်။

Sam_H ကတော့ အရင်တုန်းက TNC က player ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ free agent ဖြစ်နေတဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Neon Esports အနေနဲ့လည်း Sam_H ကိုအစမ်းခေါ်ယူကစားရာကနေ အပြီးသတ်ခေါ်ယူသွားမလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

လက်ရှိ Neon Esports ရဲ့ roster ကတော့

Po 1 – skem

Po 2 – Yapaj

Po 3 – Sam_H (trial)

Po 4 – PlayHard

Po – Jaunuel

တို့ပဲဖြစ်ပါတယ်။

photo credit - Liquipedia

Source - Neon Esports twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။