photo credit - Ninjas in Pyjamas twitter

Europe region က Dota 2 team တစ်ခုဖြစ်တဲ့ Ninjas in Pyjamas ကတော့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

NiP ကြေညာခဲ့တာကတော့ သူတို့အနေနဲ့ မကြာခင်ဆော့ကစားသွားရတော့မယ့် OGA Dota PIT S2:Europe CIS tournament မှာ Cr1t ကိုအငှားအနေနဲ့ ခေါ်ယူဆော့ကစားသွားမယ်ဆိုတာပဲဖြစ်ပါတယ်။

NiP အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က အသင်းရဲ့ captain & po5 player ဖြစ်သူ SoNNeikO အသင်းကနေထွက်ခွာသွားတာကြောင့် သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် player တစ်ယောက်ကို ရှာဖွေခဲ့ပေမယ့် final decision ကိုမချနိုင်ခဲ့ပါဘူး ။ ဒါ့ကြောင့် Cr1t ကိုအငှားအနေနဲ့ကစားပေးဖို့ ကမ်းလှမ်းခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

Cr1t အနေနဲ့တော့ နောက် နှစ်ပတ်လောက်နေရင် သူ့ရဲ့ main အသင်း Evil Geniuses အတူ Omega League: Europe Immortal Division ကိုဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။

NiP အနေနဲ့လည်း Evil Geniuses နဲ့အတူ Omega League ကိုဝင်ရောက်ယှဉ်ပြိုင်ရမှာဆိုတော့ NiP အနေနဲ့ ၎င်းပြိုင်ပွဲမတိုင်မီ player တစ်ယောက်ကို အပြီးသတ်ခေါ်ယူသွားဖို့တော့ လိုအပ်နေပါတယ်။

လက်ရှိ OGA Dota PIT S2: Europe CIS ဝင်ရောက်ယှဉ်ပြိုင်မယ့် NiP ရဲ့ roster ကတော့

Po 1 – CharlieDota

Po 2 – Supream^

Po 3 – SabeRLight

Po 4 – Era

Po 5 – Cr1t ( stand – in )

တို့ပဲဖြစ်ပါတယ်။ 

source - Ninjas in Pyjamas twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။