photo credit - BIG Twitter

Europe Region က Esport organization တစ်ခုဖြစ်တဲ့ BIG ကတော့ သူတို့အနေနဲ့ Valorant team ကိုစတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

BIG အနေနဲ့ သူတို့ရဲ့ စတင်ဖွဲ့စည်းကြောင်း ကြေညာချက်နဲ့အတူ valorant team မှာကစားဖို့အတွက် ခေါ်ယူထားတဲ့ players အချို့ကိုလည်း ကြေညာပေးခဲ့ပါတယ်။

BIG ကြေညာခဲ့တဲ့ သူတို့ရဲ့ valorant team မှာကစားမယ့် players တွေကတော့

gob b

alexRr

AslaN

တို့ဖြစ်ပြီး gob b ကတော့ captain နေရာကိုပါတာဝန်ယူသွားမှာပဲဖြစ်ပါတယ်။

BIG အနေနဲ့ Full roster ဖြစ်ဖို့ကတော့ player နှစ်ယောက်ထပ်မံခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။

ယခုဇူလိုင်လ ကုန်ပိုင်းလောက်မှာလည်း VALORANT Legend Seires 5 Final နဲ့ Mandatory.gg.Cup တို့ကိုယှဉ်ပြိုင်သွားဖို့ရှိနေတာကြောင့် BIG အနေနဲ့ ဘယ်သူတွေကိုထပ်မံခေါ်ယူသွားမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

source - BIG twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။