photo credit - Reality Rift dota 2 facebook page

SEA Region က Dota 2 team တစ်ခုဖြစ်တဲ့ Reality Rift ကတော့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Reality Rift ကြေညာခဲ့တာကတော့ carry player ဖြစ်သူ Drew ဟာ အသင်းကနေ ထွက်ခွာသွားပြီဆိုတာပဲဖြစ်ပါတယ်။

Drew ကတော့ Reality Rift ကို ပြီးခဲ့တဲ့ 2019 ခုနှစ် 11 လပိုင်း 15 ရက်နေ့က ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး 8 လကျော်လောက်ကစားပြီးနောက်မှာ ထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Reality Rift အနေနဲ့ Drew နေရာမှာအစားထိုးဖို့အတွက် carry player တစ်ယောက်ကို လက်ရှိမှာရှာဖွေနေတာပဲဖြစ်ပါတယ်။

Reality Rift ရဲ့ ကျန်ရှိနေတဲ့ Dota 2 roster ကတော့

Po 2 – AlaCrity

Po 3 – kYxY

Po 4 – Hustla

Po 5 – NutZ

Coach – Soplec

တို့ပဲဖြစ်ပါတယ်။

source -Reality Rift Dota 2 facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။