photo credit - Virtus.pro twitter

CIS Region က Dota 2 team တစ်ခုဖြစ်တဲ့ Virtus.pro ကတော့ သူတို့အနေနဲ့ direct invite ရရှိထားတဲ့ OGA Dota PIT S2: Europe CIS divison မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာမဟုတ်ကြောင်းကြေညာခဲ့ပါတယ်။

Virtus.pro အနေနဲ့ သူတို့ဝင်မပြိုင်ဖြစ်ပေမယ့် second dota 2 ဖြစ်တဲ့ Vp.Prodigy က အစားထိုးဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းပါ ကြေညာခဲ့ပါတယ်။

Virtus.pro အနေနဲ့လည်း လတ်တလော ဆော့ကစားထားတဲ့ tournaments တွေမှာ players တွေကြားမှာ communication တွေနည်းနည်းလွတ်နေတာတွေ့ရပေမယ့် ဒီလထဲမှာ ယှဉ်ပြိုင်ထားတဲ့ Parimatch League Season 3 မှာတော့ Champion ဖြစ်ထားတာပဲဖြစ်ပါတယ်။

သို့ပေမယ့်လည်း ဒီလကုန်ပိုင်းလောက်မှာ ယှဉ်ပြိုင်ရမယ့် OGA Dota PIT Season 2 မှာတော့ Virtus.pro အနေနဲ့ သူတို့ရဲ့ second dota 2 team ဖြစ်တဲ့ Vp.Prodigy ကိုပဲ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

OGA Dota PIT Season 2 ဝင်ရောက်ယှဉ်ပြိုင်မယ့် Vp.Prodigy ရဲ့ roster ကတော့

Po 1 – epileptick1d

Po 2 – fn

Po 3 – DM

Po 4 – Save-

Po 5 – eine

တို့ပဲဖြစ်ပါတယ်။

source -Virtus.pro twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။